Connect with us

Politics, Law & Military

ပုံမှန် ရေမြုပ်ဧရိယာရှိ ဓာတ်တိုင်များ ပြုပြင် ပြောင်းရွှေ့မည်

လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန သတင်းစာ ရှင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရေကြီး ရေလွှမ်းမှုကြောင့် ပုံမှန် ရေမြုပ်လေ့ရှိသော ဒေသများရှိ ဓာတ်တိုင်များ ဓာတ်အား လိုင်းများ အား ရေကြီးချိန်တွင် ပျက်စီးမှုနည်းစေရန်နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အန္တရာယ်ကင်းစေရန် ကြိုတင်ပြုပြင် ရွှေ့ပြောင်းထားမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်း အတွင်းဝန် (လျှပ်စစ်ကဏ္ဍ) ဦးစိုးမြင့်က ယနေ့ပြောကြားခဲ့သည်။

“ရေကြီးမှုတွေ ဖြစ်တတ်တဲ့နယ်တွေမှာ အရင်တုန်းက ဓာတ်အားလိုင်းတွေကို ပုံမှန်အတိုင်း 9 meter, 11 meter တွေ သမားရိုးကျ ဆွဲခဲ့တယ်၊ ဒီနေရာတွေမှာပဲ ဆက်တိုက်ဖြစ်နေ တာဆိုတော့ အဲဒီတိုင်တွေကိုပါ နေရာရွှေ့ဖို့ လုပ်ငန်းတွေ စတင် ဆောင်ရွက်နေပါပြီ၊ ဒါ့အပြင် ရေကြီးနေတဲ့ ကာလအတွင်းမှာ ကယ်ဆယ်ရေး သွားမယ့်အဖွဲ့တွေ speed boat တွေသွားတဲ့ အခါ အရင်က တိုင်တွေက နိမ့်နေတော့ တိုင်နဲ့ ကြိုးနဲ့လှေနဲ့မလွတ်တော့ဘူး၊ အန္တရာယ်တွေ ဖြစ်နိုင် တယ်။ ဒါကြောင့် တချို့နေရာတွေမှာ တိုင်တွေကို မြှင့်ဖို့လည်း ဆောင်ရွက်နေပါတယ်၊ လာမယ့်နှစ်မှာ စပြီး လုပ်ပါမယ်” ဟု ၎င်းက ယနေ့ သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

တောင်ငူခရိုင် ရေတာရှည် – ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ကျိုူးပဲ့မှုကြောင့် ဓာတ်အားလိုင်း၊ အိမ်သုံးမီတာ၊ ပါဝါမီတာနှင့် စီတီ မီတာများ စုစုပေါင်း ကျပ် ၇၈ဒသမ ၅၅ သန်းခန့် ပျက်စီးခဲ့ပြီး ပြန်လည် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ဆွာနှင့် ရေတာရှည် အကြား ၃၃ ကေဗီ ဓာတ်အားလိုင်းတစ်မိုင်ခွဲခန့် ပျက်စီးခဲ့ပြီး ဓာတ်တိုင် ၁၉ တိုင် လဲကျခဲ့သည့် အတွက် လိုင်းဟောင်း ဖြုတ်သိမ်းခြင်း၊ တိုင်အသစ်စိုက်ခြင်း၊ ကြိုးဆွဲခြင်း လုပ်ငန်းများကို အမြန်ဆောင်ရွက်ချက်ရှိခြင်းနှင့် ပတ်သက်၍လည်း“ ၃၃ ကေဗီ ဓာတ်အား လိုင်းတစ်မိုင်ခွဲခန့် (ဓာတ်တိုင် ၁၉ တိုင်) ပျက်စီးခဲ့ပါတယ်၊ ဒါပေမယ့် ဆွာ မြို့နဲ့ရေတာရှည်မြို့ကို လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်ရအောင် တစ်ဘက်က ဆွဲပြီး ပေးနိုင်ခဲ့ ပါတယ်၊ ဆွာမြို့ကိုတော့ သဲဖြူ ပင်မခွဲရုံက လာတဲ့ ရေနီ၊ သာဂရ ဘက်ကနေ ယူပြီး ပေးခဲ့ပြီး ရေတာရှည်ကိုတော့ တောင်ငူ – ဟင်းငုတ်ပင် ဓာတ်အားခွဲရုံက လာတဲ့ ကေတုမတီလိုင်းက တစ်ဆင့် ရယူပြီး ပေးနိုင်ခဲ့ပါတယ်။ လိုင်းဟောင်းတွေ ဖြုတ်သိမ်းတာ၊ တိုင်အသစ် စိုက်တာ၊ ကြိုးဆွဲတာတွေ ကိုတော့ အရေးပေါ် ရန်ပုံငွေ တောင်းခံပြီး အမြန် ဆောင်ရွက်နေပါပြီ၊ အောက်တိုဘာလကုန်လောက် ပြီးမယ်လို့ ခန့်မှန်းထား ပါတယ်” ဟု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဦးအောင်စိုးက ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.