Connect with us

Politics, Law & Military

JMC-U (၁၈) ကြိမ်မြောက် အစည်းအဝေး သုံးရက်ကြာ ကျင်းပမည်


ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ယနေ့မှစ၍ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။

အဆိုပါ JMC-U အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးတွင် (၁၇) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေများအား တင်ပြခြင်း၊ နော်ဝေနိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ တင်ပြခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေရရှိရေး ဆောင်ရွက်မှု အခြေအနေများအား တင်ပြခြင်း၊ JMC-U ၏ (၁၇) ကြိမ်မြောက်နှင့် (၁၈) ကြိမ်မြောက် အစည်းအဝေး ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများအား ဆွေးနွေးခြင်း၊ ဒေသခံအရပ်သားစောင့်ကြည့်သူ (LCM) များနှင့် ပတ်သက်သည့် လုပ်ငန်းအကောင်အထည်ဖော်မှုများအား တင်ပြခြင်း အစီအစဉ်များ အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

JMC-U (၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ(ဆင်ဟွာ)

JMC-U (၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ(ဆင်ဟွာ)

JMC-U (၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ(ဆင်ဟွာ)

JMC-U (၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ(ဆင်ဟွာ)

JMC-U (၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ(ဆင်ဟွာ)

JMC-U (၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ(ဆင်ဟွာ)

JMC-U (၁၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ(ဆင်ဟွာ)

အစည်းအဝေးသို့ JMC-U အဖွဲ့ဝင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်သား ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက် ရှိပါသည်။ JMC-U တွင် အစိုးရကိုယ်စားလှယ် (၁၀) ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၁) ဦး၊ နှစ်ဖက်လက်ခံသည့် အများယုံကြည် လေးစားသော အရပ်သားကိုယ်စားလှယ် (၆) ဦး စုစုပေါင်း အဖွဲ့ဝင် (၂၇) ဦး ပါဝင်မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.