ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၉၆၈ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ အငူမော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်တွင် ဇွန် ၁၁ ရက်နေ့ နံနက် ၇နာရီ ၄၅မိနစ်တွင် စက်လှေတစ်စီးနှင့် လူ ၁၀၄ဦး ကို စိစစ်တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံကို ဇွန် ၂၃နှင့် ၂၄ ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးရှိ MCC ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း NLDပါတီထံမှ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန် အိုချာ(ငြိမ်း) ၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) မေလ အတွင်း မူးယစ်ဆေးဝါးမှု ၈၇ဝ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးမှု တရားခံ ၁၂၃၁ ဦးကို အမှုဖွင့် အရေးယူ နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန္နီမြို့နယ် ၊ လားရှိုးမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ငွေကျပ် ၈၁၄၀. ၄၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေ များ နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)တွင် ကျန်းမာရေးထောက်ခံချက်ရယူထားခြင်း မရှိဘဲ ဖြည့်စွက်စာများအား ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးရောင်းချခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မူဆယ်မြို့နယ်၌ အက်ဆစ်ပေပါ အလုံး ၈၀ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်မြို့နယ်တို့၌ လိုင်စင်(စိစစ်ဆဲ) ပိုင်ရှင်မဲ့ယာဉ် ၉ စီး သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။