Connect with us

Politics, Law & Military

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် ငွေကျပ် ၅၀,၈၂၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် ငွေကျပ် ၅၀,၈၂၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား

များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက်နေ့ ၀၆း၀၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ အိုရီယမ်တယ်တိုးဂိတ် အနီးတွင် နေဦးမောင်(ခ)မျိုးကြီး မောင်းနှင်ပြီး သိန်းဆွေ လိုက်ပါလာသည့် Revo Hilux မော်တော်ယာဉ် ရောက်ရှိလာ၍ရှာဖွေရာ ယာဉ်နောက်ခန်းကြမ်းခင်းနှင့် ဘော်ဒီအံဝှက်များအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား၂,၅၄၁,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် နေဦးမောင်(ခ) မျိုးကြီး(၃၄)နှစ်နှင့်သိန်းဆွေ(၃၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.