Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ် အတွင်း တရားမဝင် ကျွန်းသစ်လုံး တန် ၆၀ ကျော်အား ဖမ်းဆီး ရမိ

ဖမ်းဆီး ရမိခဲ့သော ကျွန်းသစ်လုံးများအား တွေ့ ရစဉ်(ဓာတ်ပုံ-Forest Department)

ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ် ၊ ဧရာနဒီလမ်း၊ အမှတ်(၁)ရပ်ကွက် အတွင်းရှိ ခြံဝန်း တစ်ခု အတွင်း တရားမဝင် ကျွန်းသစ် လုံးပတ်(၃)ပေအောက် ကျွန်းသစ် စုစုပေါင်း(၅၀၃)လုံး ၊ (၆၀.၂၃)တန်အား တရားခံများ နှင့် အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

တရားမဝင်သစ် စုံစမ်းရှာဖွေဖော်ထုတ်ခြင်းအား မုံရွာခရိုင် သစ်တောဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၄ ရက်တွင် တရားမဝင် ကျွန်းသစ်လုံးများအား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ အဆိုပါ ဖမ်းဆီးရမိ တရားမဝင် သစ်များနှင့်တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.