ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် အိမ်သုံးမီတာများအတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမည့် အိမ်သုံးမီတာများ သတ်မှတ်ကြေး ပြင်ဆင်သတ်မှတ်ခြင်းအသိပေးကြေညာချက်အား လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ပြည်နယ်နှင့် တိုင်းအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S) များတွင် ဆွေးနွေးချက်များကို အပြန်အလှန် အလေးအနက်မထားခြင်း၊ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းမရှိမှုများကြောင့် မလိုလားအပ်သည့် ဖြစ်စဉ်များဖြစ်ပေါ်နေကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်...
နေပြည်တော်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၁)ရက်မြောက်နေ့ အစည်းအဝေးတွင် ယနေ့ ရွေးချယ် တင်မြှောက်ခံရသော ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့သည် ပြည်သူ့လွှတ်တော် သဘာပတိ ဦးခင်မောင်ဝင်းရှေ့မှောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ကြသည်။
နေပြည်တော်၊ မတ် ၂၁ ရက် (ဆင်ဟွာ) လက်ရှိ လစ်လပ်သွားသော နိုင်ငံတော် သမ္မတရာထူးအတွက် အလုပ်လုပ်ရက် ၇ ရက် အတွင်း ရွေးချယ်မည်ဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရာထူးမှ နုတ်ထွက်ကြောင်း ယနေ့မတ် ၂၁ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ယနေ့ (မတ် ၂၁ ရက်)တွင် သမ္မတရာထူးမှ နုတ်ထွက်လိုက်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ယနေ့မတ် ၂၁ ရက်တွင် နိုင်ငံတော် သမ္မတ ရာထူးမှ နုတ်ထွက်သွားကြောင်း သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)
ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး နှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လာသော ၈၀၃၂ ဦး အနက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်ဟု စိစစ်ရရှိသူ စုစုပေါင်း ၅၅၆ ဦးအထိ ရရှိလာခဲ့ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ ယနေ့သတင်း...
နေပြည်တော်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရသည်။
ရန်ကုန်၊မတ် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အမှတ်-၄ နယ်မြေရဲစခန်း ရှေ့တွင် လူစုလူဝေးဖြစ်ပေါ်မှုတွင် ပါဝင်ပတ်သက်သူ ၁၁ဦးအား ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။