Connect with us

Politics, Law & Military

မန္တလေးတွင် သိန်းသုံးထောင်ကျော်တန်ဖိုးရှိ အီသာအရည် ပီပါများ ဖမ်းမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးချက်ရာ၌ အသုံးပြုသော အီသာအရည် ပီပါများအားတွေ့ရစဉ်(ဓာတ်ပုံ-moi)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြောက်တံတိုင်းရှည်ကျေးရွာအုပ်စုကွင်းရှိ နေအိမ်တွင် မူးယစ်ဆေးချက်ရာ၌ အသုံးပြုသော အီသာအရည်ပါ ပီပါ ၁၂၇ လုံးဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၇ ရက် ညနေ ၆ နာရီက ပုသိမ်ကြီးမြို့နယ် မြောက်တံတိုင်းရှည်ကျေးရွာအုပ်စု ကွင်း အမှတ်(၅၂ဝ)၊ ဦးပိုင် အမှတ် (၃ဝ/၃၁)ရှိ သရက်ခြံဝင်းအတွင်း နေထိုင်သူ မသန်းသန်း၏ နေအိမ်ကို ရှာဖွေရာ နေအိမ်ဝင်း အတွင်းမှ အီသာအရည်ပါ ပီပါ ၁၂၇ လုံး စုစုပေါင်း အီသာ အရည် ၂၄ဝဝဝ လီတာ၊ ကန့် (Sulphur) ၂၇ဝ ကီလို(တန်ဖိုး ငွေကျပ် ၃ဝ၁၃ ဒသမ ၅ သိန်း)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု (၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့ အေးမြသာယာ ရပ်ကွက်၊ နယ်မြေ(၁၄)(မြို့သစ် ကြီး)၊ ရွှေလမ်းမကြီးရှိ ကောင်းစားသောက်ဆိုင်အနီး၌ မောင်းနှင် လာသည့် ဆိုင်ကယ်နှစ်စီးကိုရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၅၅ ခွက်(ဘိန်းဖြူအလေးချိန် ၅၅ဝ ဂရမ်)၊ စိတ်ကြွရူးသွပ် ဆေးပြား ၉၉၅ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက် နယ်မြေ(၉) သခင်နက်ဖေလမ်း အမှတ်(၈ဝ)နေ ဖိုးကျော်(ခ) တင်အောင်ကျော်၏ ဗီရိုအတွင်းမှ ငွေကျပ် ၁၃၅ သိန်းကို လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.