ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ပဒဲကြောကျေးရွာအနီးဝန်းကျင်နှင့် ဟင်းရွက်ချောင်းအတွင်းမှ တရားမဝင် သင်ပုန်း/သစ်ပုတ်/နဘဲခွဲသား သစ်(၄၅၁)ချောင်း တန်အားဖြင့်(၁၆.၄၄၃၄)တန် နှင့်စက်လှေ(၁)စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများတွင် လူမှားခြင်း၊ လူထပ်ခြင်း၊ အကြမ်းဖက်သမားများနှင့် အခြားသူများပါလာခြင်းများ လုံးဝမရှိအောင်စနစ်တကျစီစဉ် ဆောင်ရွက်ထားကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊သပြေပင်ရွာအနီး၊ ဝေအင်းချောင်းရေဆိပ် နေရာ၌ တရားမဝင် ကညင်သစ်လုံး (၁၀၇)လုံး တန်အားဖြင့် ၁၆၀ကျော်ကို ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာတွင် မတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းတွင် လှေတိမ်းမှောက်မှုကြောင့် ၄ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ လျော့ကျ စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်၊ ကြူကုတ်(ပန်ဆိုင်း) ကျေးရွာအနီး၌ မိုင်းတစ်လုံး တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီး၌ ငွေကျပ်သိန်းပေါင်း ၁ဝ,ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်ကြီးခရိုင်အတွင်း ပြန်လည်စွန့်လွှတ်အပ်နှံသော မြေဧရိယာ ၁၉၆၉ ဧကအား သက်ဆိုင်ရာ မူလပိုင်ရှင်တောင်သူများ ထံ ပြန်လည်လွှဲ ပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် အတွင်း တရားမဝင် ကျွန်း/ပိတောက်သစ် တန် ၆၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ နေမင်းရောင်ခြည်အသင်း(အသေးစား ငွေရေးကြေးရေး လုပ်ငန်း)မှ ချေးငွေထုတ်ချေး ရာတွင် ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၁၅၉ ရွက်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။