Connect with us

Politics, Law & Military

NLD နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ ဇွန်လအတွင်း ကျင်းပမည်

ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ အခမ်းအနားကျင်းပရေး ကော်မတီ အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီးအစိုးရ)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံကို ဇွန် ၂၃နှင့် ၂၄ ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးရှိ MCC ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း NLDပါတီထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ အခမ်းအနားကျင်းပရေး ကော်မတီ အစည်းအဝေးကို ဇွန် ၁၀ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်းရှိ ဌာနချုပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ယင်း အစည်းအဝေးသို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်း၊ဒေါက်တာမျိုးညွန့်၊ အခမ်းအနားကျင်းပရေး ကော်မတီဥက္ကဌ ဦးသိန်းဦး၊အတွင်းရေးမှူးဦးထွန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ညီလာခံကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ ရုံးအဖွဲ့၊လုံခြုံရေးနှင့် အခမ်းအနားပြင်ဆင်ရေး ကော်မတီ၊ဧည့်ခံကြိုဆိုရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်ရေး ကော်မတီများကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117