Connect with us

Politics, Law & Military

မေလအတွင်း မူးယစ်ဆေးဝါးမှု ၈၇ဝ မှု ဖမ်းဆီးရမိခဲ့ပြီး တရားခံ ၁၂၃၁ ဦးကို အမှုဖွင့် အရေးယူနိုင်ခဲ့ဟုဆို

မေလ အတွင်း ဖမ်းဆီး ရမိခဲ့သည့် မူးယစ်ဆေးဝါးမူ တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေး ကော်မတီ)

ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

မေလ အတွင်း မူးယစ်ဆေးဝါးမှု ၈၇ဝ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးမှု တရားခံ ၁၂၃၁ ဦးကို အမှုဖွင့် အရေးယူ နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဖမ်းဆီးရမိမှု ၈၇ဝ မှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၁၆၉,၉၂၁.၈၄ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို သိမ်းဆည်း ရမိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုဖမ်းဆီးရမိမှု ၈၇ဝ တွင် ဘိန်း ၁၈ မှုမှ ၁၄၅၅ ဒသမ ၄ဝ၂ ကီလို၊ ဘိန်းဖြူ ၂၃၅ မှုမှ ၃၂ ဒသမ ၁၂၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၂ မှုမှ ဆေးပြားပေါင်း ၃,၅၇၄,၆၆၃ ပြား၊ အိုက်စ် ၁၇ မှုမှ ၁၅၃ ဒသမ ၉ဝ ကီလို၊ ဆေးခြောက် ၂၁ မှုမှ ၃ ဒသမ ၇၉ ကီလိုတို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117