Connect with us

Politics, Law & Military

ဝိုင်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၉၆၈ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအားမူးယစ်ဆေးဝါးများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၉၆၈ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွနလ် ၁၁ ရက်နေ့ ၀၉း၃၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတား၌ ကို… မောင်းနှင်လာသည့် PARDO မော်တော်ယာဉ်ရောက်ရှိလာ၍ရှာဖွေရာ မော်တော်ယာဉ်၏ကြမ်းခင်းအောက် အံဝှက်အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၁၁၀ ခွက် (ဘိန်းဖြူ အလေးချိန် ၁ .၂၁ ကီလို)၊ငွေ ၅၅,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းနှစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.