ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၉၀၉ .၂၁၈ သိန်း တန်ဖိုးရှိ ဆာလဖျူရစ်အက်စစ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် တရားမဝင် ပိတောက်သစ် ၅တန်ကျော်အား ပိုင်ရှင်မဲ ဖမ်ဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကို မတ် ၂ ရက် ညနေ ၄ နာရီမှ ၄ နာရီ ၅၅ မိနစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်မှတ်တိုင်...
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် ငွေကျပ် ၄၄၄ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ) တောင်ကြီး-ထီလာသွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၄/၇)၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ၂၂ ဘီး ယာဉ် တစ်စီး အား ရပ်တန့် ရှာဖွေရာ ပြောင်းဖူးရိုးများ ထည့်ထားသော မြွေရေခွံအိတ်များ၊ ပီပါခွံများဖြင့် ဖုံးအုပ် သယ်ဆောင် လာသည့် တရားမဝင်ပိတောက် သစ်ခွဲသား ၁၀၆...
ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ) တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍ အပါအဝင် နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်းဖြစ်သည်နှင့်အညီ တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝမြှင့်တင်ရန် အခါအခွင့်သင့်သော အခြေအနေ ဖြစ်ကြောင်း ယနေ့မတ် ၂ ရက်တွင်...
ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ) ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း စိုက်ပျိုးထားသော ဘိန်းခင်းများအား တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း သုံးကြောင်းဖြင့် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ကွင်းဆင်း ရှာဖွေ ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ညီလာခံ တတိယ အစည်းအဝေးကို ဧပြီလကုန် မေလဆန်းတွင် ကျင်းပရန် လျာထား သတ်မှတ်သည့် ဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခဲ့ကြောင်း ယနေ့ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်သည့် ၇ ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး...
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘဏ္ဍာရေးနှစ် အသစ်နှင့် အဟောင်း ကြားကာလ ခြောက်လအတွင်း (၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင် ဘာလအထိ) အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများအား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဝန်ကြီးဌာန ၂၄ ခုနှင့် ပြည်ထောင်စု...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် လက်လုပ်မိုင်း တစ်လုံးအား အသက်သွင်းစဉ် ပေါက်ကွဲပြီး တစ်ဦးသေဆုံးသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။