Connect with us

Politics, Law & Military

လယ်လုပ်ပိုင်ခွင့်အား မသမာသောနည်းဖြင့် ဆောင်ရွက်လျှင် ထိရောက်စွာ အရေးယူမည်

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးလှကျော် ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၃၀ ရက် (ဆင်ဟွာ)

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) အပေါ် မသမာသော နည်းအမျိုးမျိုးဖြင့် ဆောင်ရွက် ထားရှိမှုများ ပေါ်ပေါက်လျှင် ထိရောက်စွာ အရေးယူမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က အမျိုးသားလွှတ်တော် ယနေ့ အစည်းးအဝေးတွင် ပြောကြားခဲ့သည်။

လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) အပေါ် မသမာသော နည်းအမျိုးမျိုးနဲ့ ဆောင်ရွက် ထားရှိမှုများ ပေါ်ပေါက်လာပါက နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လုပ်ငန်း လိုအပ်ချက်များ ရှိခြင်း၊ မသမာသောနည်းလမ်းအမျိုးမျိုးဖြင့်် ပုံစံ (၇) ထုတ်ပေးထားခြင်းများ တွေ့ရှိပါက ပြန်လည် စိစစ်ပြီး အရေးယူ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုး ၏ မေးခွန်းကို၎င်းက ဖြေကြားပြောဆိုခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုး မေးမြန်းစဉ် (ဆင်ဟွာ)

လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရာမှာ ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေတွေအတိုင်း ရပ်ကျေး၊ မြို့နယ်၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှု အဆင့်ဆင့်ကနေ စနစ် တကျ စိစစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၃ တွင် ပုံစံ (၇) များ ထုတ်ပေးခဲ့စဉ်က ထုတ်ပေးရ သည့် ပမာဏ များပြားခြင်း၊ တိုတောင်းသည့် အချိန်အတွင်းမှာ ပြီးစီးအောင် ဆောင်ရွက် ခဲ့ရသည့် အခြေအနေဖြစ်ခြင်း၊ လုပ်ငန်း လိုအပ်ချက်အရ အတွေ့အကြုံနှင့် ကျွမ်းကျင်မှု အားနည်းသော နေ့စား ဝန်ထမ်းများကို ခေါ်ယူ တာဝန်ပေး ဆောင်ရွက်ခဲ့ရခြင်း၊ တာဝန်ရှိသူတချို့က မသမာမှု ပြုလုပ်ခဲ့ခြင်း၊ အင်္ဂလိပ်ခေတ်ကတည်းက တိုင်းတာရရှိခဲ့သော ခေတ်ဟောင်း မြေပုံများပေါ်မှာ အခြေပြုရခြင်း၊.. စသည့် အကြောင်း အမျိုးမျိုးကြောင့် တချို့လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) များဆိုလျှင် တည်နေရာ ကိန်းဂဏန်းများ မှားယွင်းပြီး ပြင်ရာ ဖျက်ရာများ အပါအဝင် အမှား အယွင်း များစွာ ဖြစ်ပေါ်ခဲ့ရသည်များလည်း ၇ှိခဲ့ကြောင်း၊ ထုတ်ပေးပြီးသမျှ ပုံစံ (၇)များကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြန်စိစစ်ရမည်ဆိုပါက အချိန်ကာလ၊ ဝန်ထမ်း အင်အား၊ ကျခံ သုံးစွဲရမည့် ငွေကြေး လိုအပ်ချက် များစွာ ရှိလာမှာ ဖြစ်ကြောင်း၊

ထို့ကြောင့် အတိုင်ကြားခံရမှု၊ မမှန်မကန် ဆောင်ရွက်ထား၇ှိမှုကြောင့် ပေါ်ပေါက်လာသည် အခြေအနေ၊ သံသယဖြစ်ဖွယ် အခြေအနေနှင့် လုပ်ငန်း လိုအပ်ချက်အရ ပေါ်ပေါက်လာသည့်ကိစ္စရပ်အပေါ်မှာ တစ်ခုချင်း အခြေတည်ပြီး စိစစ် ဆောင်ရွက်နိုင်အောင် စီမံ လုပ်ကိုင်လျက်ရှိပါကြောင်း စိုက်ပျိုး စရိတ်ငွေကို အလွဲသုံးစားပြုပြီး ထုတ်ယူဖြင်းကို ဖော်ထုတ်နိုင်ရန်အတွက် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က စစ်ဆေားပေးဖို့ အကြောင်းကြားလာလျှင် အရေးယူဆောင်ရွက်ပေးမည်ဖြစ် ကြောင်းလည်း ၎င်းက လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

“အကြောင်းအမျိုးမျိုးသော မသမာမှုများနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးထားမှုများ ရှိကြောင်း စစ်ဆေး ပေါ်ပေါက်လာရင်တော့ နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနဲ့ မသမာမှုများ ဆောင်ရွက်တဲ့ ဝန်ထမ်းများနဲ့ အဆိုပါ မသမာမှုတွေကို ကြီးကြပ် ကွပ်ကဲရန် တာဝန်ရှိတဲ့ ဝန်ထမ်း အဆင့်ဆင့်ကိုလည်း ထိရောက် တဲ့ အရေးယူမှုများ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.