Connect with us

Politics, Law & Military

တောင်ဒဂုံစက်မှုဇုန်တွင် ပထမဦးဆုံးဝန်ဆောင်မှုအနေဖြင့် သည့် One Stop Service ဖွင့်လှစ်ရန်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်အား တွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံစက်မှုဇုန်တွင် ပထမဦးဆုံးဝန်ဆောင်မှုအနေဖြင့် ဌာနဆိုင်ရာ ၆ ခုပါဝင်သော တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုပေးနိုင်သည့် One Stop Service ဖွင့်လှစ်ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး၌ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင်က ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်မှုဇုန်များအဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအနေဖြင့် လှိုင်သာယာစက် မှုဇုန်များ အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်အောင် မည်ကဲ့သို့သော လုပ်ငန်းစဉ်များ ချမှတ်အကောင်းအထည်ဖော်နေခြင်း ရှိ၊မရှိ၊ စက်မှုဇုန်များအဆင့်မြှင့်တင်ရေးကြီးကြပ် မှုကော်မတီအနေဖြင့် မည်သည့်ကဏ္ဍများကို အဆင့်မြှင့်တင်ဆောင်ရွက် နေသည်ကို သိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“စက်မှုဇုန်အတွင်းလုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန်အတွက် တစ်နေရာတည်းမှာ အလုံးစုံ ဝန်ဆောင်မှု ပေးနိုင်တဲ့ One Stop Service များ ထားရှိဆောင်ရွက်ရန်အတွက် ဇုန်များနဲ့ ဆွေးနွေးဆောင်ရွက်ရာမှာ ဇုန် အလိုက် လည်ပတ်လုပ်ကိုင်နေတဲ့ လုပ်ငန်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်တဲ့ ဌာနများထားရှိရန် ဆွေးနွေးလျက်ရှိပါတယ်။ လက်ရှိမှာ တောင်ဒဂုံစက်မှုဇုန်နဲ့ ဆွေးနွေးရာမှာ အဓိက ဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်တဲ့ဌာနများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စက်မှုကြီးကြပ်ဦးစီးဌာန၊အလုပ်သမား ရေးရာ ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ဖြစ်ပါတယ်။ ထို့ကြောင့် တောင်ဒဂုံ စက်မှုဇုန်တွင် ပထမဦးဆုံးဝန် ဆောင်မှုအနေဖြင့် ထိုဌာန ၆ ခုပါဝင်သည့် One Stop Service ဖွင့်လှစ်ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိပါတယ်။ ဆက်လက်ပြီး အခြားစက်မှုဇုန်များတွင် အလျဉ်းသင့်သလို One Stop Service များဖွင့်လှစ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောကြားသည်။

တောင်ဒဂုံစက်မှုဇုန် (၁) (၂) (၃) အတွက် စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီကိုပြန်လည်ဖွဲ့စည်းရန်အ တွက် စက်မှုဇုန်ဘက် မှ အဆိုပြုသူ အစိုးရဌာနများမှ သတ်မှတ်မည့်သူများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ပေးအပ်မည့် သူများအား ထည့်သွင်းလျှက်ဖွဲ့စည်းရန် ဆောင်ရွက်လျှက်ရှိရာ စက်မှုဇုန်ဘက်မှ အဆိုပြု တင်ပြသူ စာရင်းကိုရရှိပြီးဖြစ်ကြောင်း ဇုန်အတွင်းတွင် အသုံးမပြုသေးသည့် စက်မှုမြေများကိုလည်း စာရင်းပြုစုထားပြီး အဆိုပါမြေများနှင့် ပတ်သက်၍ ရေရှည်ဖွံ့ဖြိုးမှုအတွက်ဆွေးနွေးဆောင်ရွက်ရန် စီစဉ်လျှက်ရှိကြောင်းနှင့် စက်မှုဇုန်များအဆင့်မြှင့်တင်ရေးတွင် ဝန်ဆောင်မှုလုပ်ငန်းအပိုင်း၊ အခြေခံအဆောက်အဦအပိုင်းနှင့် အသုံးမပြုရသေးသည့် မြေများအား ဖွံ့ဖြိုးမှုအတွက်ဆောင်ရွက်ရန် တွန်းအားပေးလျက်ရှိပါကြောင်း ဝန်ကြီးက ဆက်လက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်(၂၉) ဇုန်ကိုအ ဆင့်မြှင့်တင်နိုင်ရန် အတွက် စက်မှုဇုန်များ အဆင့်မြှင့်တင်ရေး ကြီးကြပ်မှု ကော်မတီကို ၂၀၁၇ ခုနှစ် ဧပြီလ (၂၄)ရက် နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း လှိုင်သာယာစက်မှုဇုန်များသည် လက်ရှိတွင် လည်ပတ်နေသော စက်ရုံအရေအတွက်နှင့် အလုပ်သမားဦးရေမှာ အခြားဇုန်များနှင့် နှိုင်းယှဉ်လျှင် များပြားပြီး လမ်းများအခြေအနေ ဆိုးဆိုးဝါးဝါး ပျက်စီးနေခြင်း မရှိသော်လည်း ကျူးကျော်များပြားခြင်းသည် အဓိက ပြဿနာဖြစ်နေခြင်းနှင့် ထိုသို့ ကျူးကျော်တဲများ များပြားစွာရှိနေခြင်းကြောင့် အမှိုက်နှင့်ရေမြောင်းပိတ်ဆို့ခြင်းကို ဆောင်ရွက်ရန် အခက်အ ခဲများရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.