နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ၈ – လေးလုံး ပါတီထူထောင်ပြီးသည့်အချိန်တွင် မိမိတို့နှင့် မူဝါဒတူသူများနှင့် ပူးပေါင်းသွားမည်ဟု ၎င်းပါတီ ခေါင်းဆောင် ဦးကိုကိုကြီး ယနေ့ နေ့လယ်ပိုင်း၌ မီဒီယာသို့ ပြောခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြန်လည် စွန့်လွှတ် အပ်နှံမြေများ နိုင်ငံတော်သို့ အပ်နှံ ပြီးစီးမှု အခြေအနေ များအား သတင်း ထုတ်ပြန်ခဲ့ရာ ယခု ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် အထိ မြေဧရိယာ စုစုပေါင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ဥပဒေရေးရာနှင့် အခြားလိုအပ်သည့် ကိစ္စများအတွက် အကြံပေးရန်အတွက် ဥပဒေရေးရာနှင့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာ့တပ်မတော်သည် သာလွန်သော လေကြောင်းစွမ်းအား ဖြစ်လာစေရေးအတွက် တပ်မတော်(လေ)ကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ သတ္တုတွင်းလုပ်ငန်းကဏ္ဍတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ သတ္တုတွင်း ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုအဖွဲ့တို့ ယနေ့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘ ၁၅ ရက် (ဆင်ဟွာ) အမျိုးသမီးများအခွင့်အရေး ကာကွယ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ နည်းပညာ အကူအညီပေးရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ပရာမီလာ ပတ်တန်တို့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက...
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ကလောမြို့နယ်တွင် ငွေကျပ် သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ် သိန်း ၁၂၁ဝ တန်ဖိုးရှိ ဘိန်းဖြူများနှင့်ငွေကျပ် ၁၆.၉၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ရေထိပ်သီးအစည်း အဝေးက ”ရှေ့ဆက်ရမည့် လမ်းစဉ်” ရေဖူလုံရေး ရန်ကုန်ကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း အဆိုပါ ရေထိပ်သီးအစည်းအဝေးထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁၂,၅၄၀ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။