Connect with us

Politics, Law & Military

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တရုတ်-မြန်မာ စီးပွားရေးစြင်္ကံလမ်း တည်ထောင်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေး တက်ရောက်

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း တည်ထောင်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့သွားရောက်ကာ နှစ်နိုင်ငံ စီးပွားရေးရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည် ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ ကိစ္စရပ်များအား အစိုးရ တာဝန်ရှိသူများ၊စီးပွားရေးလုပ်ငန်းရှင်များနှင့်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီးနောက်တရုတ်- မြန်မာ စီးပွားရေး စြင်္ကံလမ်း တည်ထောင်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဖေဖော်ဝါရီ (၃)ရက်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိပြီး နောက် တာဝန်ရှိသူများနှင့် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ ချိတ်ဆက်၍ နှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည့် အခွင့်အလမ်းများ လမ်းပွင့်လာစေရေးကိုလည်းကောင်း၊ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်တို့တွင်တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရေး ကိုလည်းကောင်း ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်၊ နံနက် ၁၀ နာရီတွင် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပပြုလုပ်သည့် တရုတ်- မြန်မာ စီးပွားရေး စြင်္ကံလမ်း တည်ထောင်ရေးနှင့် စပ်လျဉ်းသည့်ဝန်ကြီးအဆင့် အစည်းအဝေး သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Ningzizhe (Ministerial Level) နှင့်အတူ တက်ရောက်၍ စီးပွားရေးစြင်္ကံ တည်ထောင်ရေး ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီးပွားရေး စြင်္ကံလမ်း တည်ထောင်ရေး လုပ်ငန်းများ အတွက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိ ပုဂ္ဂိုလ်များနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်း၍ ထိရောက်စွာ ဆောင်ရွက် သွားနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်နိုင်ငံ အစိုးရတို့အကြား စီးပွားရေး စြင်္ကံလမ်း တည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွှန်လွှာ (မူကြမ်း)အား အပြီးသတ် ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။(Xinhua)