နေပြည်တော်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) အမျိုးသား မူးယစ်ဆေးဝါး မူဝါဒသစ်တစ်ရပ် ထွက်ပေါ်သည့် အဆင့်သို့ရောက်ရှိပြီဖြစ်ကြောင်း မူဝါဒ ရေးဆွဲရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ ပြောကြားသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ၁၉၉၃ ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်ထားသည့် ကလေးသူငယ်များဆိုင်ရာ ဥပဒေကြမ်းအား ယခု ပြန်လည်စတင်မည့် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ယနေ့ ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) ပစ္စတိုသေနတ်တစ်လက်နှင့်အတူကာလတန်ဖိုး ကျပ်သိန်း ၄၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများတင်ဆောင်ထားသည့်မော်တော်ယာဉ်တစ်စီးသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့အနီးရှိ ရေပူစစ်ဆေးရေးဂိတ်တွင် တရားမဝင်သစ် ၉တန်ကျော် သယ်ဆောင်လာသောယာဉ်တစ်စီးကို စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက်တွင် စက်တင်ဘာ ၂၄ ရက်နှင့် စက်တင်ဘာ ၂၅ ရက်နေ့တို့တွင် တူးဖော်ရရှိမှုအရ ဟိန္ဒူ ဘာသာဝင် ရုပ်အလောင်း စုစုပေါင်း ၄၅ လောင်း ရရှိထားပြီး ဆက်လက် ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက...
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူနေအိမ်များ မီးလောင်မှု ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ်တွင် တစ်ရက်အတွင်း တရား မဝင်ကျွန်း သစ်လုံးများနှင့် ပိတောက်ဓားရွေတုံး ၆တန်ကျော် ဖမ်းမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၂၀၀ အကွာတွင် မြေကျင်း အတွင်းမှ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီ ၅ မိနစ်က ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများတွေ့ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက...
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်း(MITT)ရှိ ကုန်သေတ္တာများအတွင်းမှ ပိတောက်သစ်ခွဲသားများ စုစုပေါင်းတန်ချိန် ၂၂၉.၁၉ တန်ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ ပါဝင်သူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ေ ဖာ်ဆောင်ရွက်ရေး အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။