Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်သေစာသောက်စားသူ ၂၀၁၅ဦးအား အရေး


ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမူးယစ်သူ ၂၀၁၅ဦးအား ရန်ကုန်ရဲအက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံ၊ လမ်းဘေးပလပ်ဖောင်း၊ကန်ဘောင်၊ လမ်းဆုံလမ်းခွ၊ ဂုံးကျော်တံတားများ စသည့်နေရာများ၌ အရက်သေစာဝိုင်းဖွဲ့သောက်စားသူများကို အရေးယူဆောင်ရွက်ခဲ့ရာအောက်တိုဘာ ၃၀ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ သောက်စားမူးယစ်သူ ၂၀၁၅ဦးအား အရေးယူထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌ အရက်သေစာ သောက်စားသည့် အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း (၅၁၆)ဦးအား အမှုပေါင်း (၄၂၂)မှုဖြင့်လည်းကောင်း၊ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း (၉၀၆)ဦးအား အမှုပေါင်း(၄၀၃)မှုဖြင့်လည်းကောင်း၊ တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ စုစုပေါင်း (၁၄၅)ဦး အားအမှုပေါင်း(၁၀၈)မှုဖြင့်လည်းကောင်း၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှစုစုပေါင်း(၄၄၈)ဦးအား အမှုပေါင်း(၄၁၂)မှုဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးကာ တရားစွဲတင်ပို့ခဲ့ပြီး ရန်ကုန်ရဲအက်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.