Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဖွဲ့စည်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဖွဲ့စည်းသော ထုတ်ပြန်ချက်ကို တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဖွဲ့စည်းပေးလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် Dr. Surakiart Sathirathai(Minister of Foreign Affairs of Thailand )အပါအဝင် ပြည်ပပညာရှင် ငါးဦးနှင့် ပြည်တွင်းပညာရှင် ငါးဦး စုစုပေါင်း အဖွဲ့ဝင် ၁၀ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်များ၏ အကြံ ပြုချက်များနှင့် စပ်လျဉ်း၍ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မြေပြင် အခြေအနေအပေါ် မူတည်၍ အကျိုးရှိစွာ ထိထိရောက်ရောက်ဖော်ဆောင်နိုင်ရေး အတွက် လိုအပ်သော အကြံဉာဏ်များကို ရယူနိုင်ရန် အကြံပေးအဖွဲ့ကို ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများထံမှ အကြံဉာဏ်များ ရယူနိုင်ရန်အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ကို အောက်ပါ ပြည်တွင်း/ပြည်ပ ပညာရှင်များဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို ၂၀၁၇ခုနှစ် စက်တင်ဘာ ၁၂ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။(Xinhua)