Connect with us

Politics, Law & Military

ကော်ဖီစိုက်ပျိုးရေး အတွက် ပြင်သစ်ကော်ဖီကုမ္ပဏီနှင့် နားလည်မှု စာချွန်လွှာရေးထိုး

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ကော်ဖီစိုက်ပျိုးရေး အောင်မြင်ခြင်းသည် တောင်သူများအတွက် ဘိန်းအစားထိုး လူမှုဘ၀ မြှင့်တင်ရေး နည်းလမ်းဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ယနေ့ နံနက် ပြောကြားခဲ့သည်။

“ဘိန်းစိုက်ပျိုးမှုကို မှီခိုခြင်း မရှိစေခြင်းဖြင့် လူ့အဖွဲ့အစ်းအတွင်း မူးယစ်ဆေး ပြသနာတွေ မတည်ငြိမ် မှုတွေ လျော့ကျလာနိုင်ပြီး ထိုမှတစ်ဆင့် ဘိန်းထုတ်လုပ်မှု လျော့ကျလာကာ အခုလို အစားထိုး ဖွံ့ဖြိုးရေး အစီအစဉ်များဟာ နိုင်ငံအတွက် အကျိုးများရုံသာမက ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးကိုပါ အကျိုးရှီစေမှာ ဖြစ်ပါတယ်၊ ကော်ဖီစိုက်ပျိုးရေး ဆက်လက်အောင်မြင် ဖြစ်ထွန်းလာပါက တောင်သူ အကျိုးစီးပွား ကောင်းမွန်စေမယ့် ဘိန်းအစားထိုး လူမှုဘ၀ မြှင့်တင်ရေး နည်းလမ်းကောင်း တစ်ခု ပေါ်ထွက်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

UNODC ဌာနေကိုယ်စားလှယ် Mr. Jeremy Douglas အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် Kempinski Hotel တွင် ပြုလုပ်သည့် ဘိန်းအစားထိုး ကော်ဖီစိုက် တောင်သူများနှင့် ပြင်သစ်နိုင်ငံ Malongo ကော်ဖီကုမ္ပဏီတို့ နားလည်မှု စာချွန်လွှာ ရေးထိုးပွဲ အခမ်းအနားတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။ရှမ်းပြည်နယ် ဟိုပုံး၊ ရွာငံ၊ လွိုင်လင် ဒေသများရှိ တောင်သူ တစ်ထောင်ခန့်တို့ ပါဝင်သော Green Gold ကော်ဖီစိုက် တောင်သူ သမဝါယမ အသင်းက ကော်ဖီစိုက်ခင်း ၃၃၆ ဟက်တာမှ ထွက်ရှိမည့် ကော်ဖီများကို ပြင်သစ်နိုင်ငံ Malongo ကုမ္ပဏီထံ တစ်နှစ် တစ်ကြိမ် စာချုပ် ချုပ်ဆိုပြီး ငါးနှစ် ဆက်တိုက် ရောင်းချရန် MoU ရေးထိုးကြရာ စာချုပ်အရ Malongo ကုမ္ပဏီသည်၂၀၁၇ – ၁၈ တွင် ၃၈ တန်၊ ၂၀၁၈ – ၁၉ တွင် ၁၄၁ တန်၊ ၂၀၁၉ – ၂၀ တွင် ၃၀၉ တန်၊ ၂၀၂၀ – ၂၁ တွင် ၄၄၂ တန်နှင့် ၂၀၂၁ – ၂၂ တွင် ၅၅၃ တန်တို့ကို တစ်ပေါင်လျှင် ကြမ်းခင်းဈေး အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဒေါ်လာ နှုန်း ဖြင့် ဝယ်ယူသွားမည် ဖြစ်သည်။ ပထမနှစ်တွင် ဝယ်ယူသည့် ပမာဏ နည်းနေခြင်းမှာ စိုက်ဧက ၇၃ ဟက်တာမှ ကော်ဖီစေ့များကို စတင်ရောင်းချခြင်းကြောင့် ဟု သိရသည်။

Malongo ကော်ဖီကုမ္ပဏီ ဦးဆောင်ည့ွှန်ကြားရေးမှူး Mr. Jean-Pierre Blanc အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

Green Gold ကော်ဖီစိုက် တောင်သူ သမဝါယမ အသင်း ဥက္ကဋ္ဌ ဦးလှစိုး နှုတ်ခွန်းဆက်စကား ပြောကြားစဉ် (ဆင်ဟွာ)

MoU လက်မှတ်ရေးထိုးကြစဉ် (ဆင်ဟွာ)

အဆိုပါ MoU ရေးထိုးပွဲသို့ ဆက်စပ် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ UNODC ဌာနေကိုယ်စားလှယ်များ၊ ပြင်သစ်နိုင်ငံ Malongo ကော်ဖီ ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ Green Gold ကော်ဖီစိုက် တောင်သူ သမဝါယမအသင်းမှ ကိုယ်စား လှယ် များ၊ မူးယစ်ဗဟို အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က အဖွင့် အမှာစကား ပြောကြား အပြီးတွင် UNODC မှ ဌာနေ ကိုယ်စားလှယ် Mr. Jeremy Douglas, Malongo ကော်ဖီ ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Jean-Pierre Blanc နှင့် Green Gold ကော်ဖီစိုက်တောင်သူများ သမဝါယမအသင်း ဥက္ကဋ္ဌဦးလှစိုး တို့ကလည်း အဖွင့် အမှာစကား နှုတ်ခွန်းဆက် စကားများ အသီးသီး ပြောကြားခဲ့ကြသည်။ထို့နောက် MoU ရေးထိုးခြင်း၊ ဒေသထွက် ကော်ဖီ အရသာများကို ဆန်းစစ်ခြင်းတို့ ဆက်လက် ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.