Connect with us

Politics, Law & Military

ရုရှားနှင့် မြန်မာတို့ နှစ်နိုင်ငံရေတပ်များ၏ ရေကြောင်းလုံခြုံမှုများ ဆွေးနွေး

ရုရှားနှင့် မြန်မာတို့ နှစ်နိုင်ငံရေတပ်များ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ရုရှားရေတပ်နှင့် မြန်မာရေတပ်တို့ နှစ်နိုင်ငံရေတပ်များ၏ ရေကြောင်းလုံခြုံမှုများအပေါ် အတွေးအမြင်များအား အပြန်အလှန်ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ရုရှားရေတပ်ပစိဖိတ်ရေယာဉ်စုမှ စစ်ရေယာဉ် – Admiral Panteleev ၏အဖွဲ့ခေါင်းဆောင် Rear Admiral Eduard E.Mikhaylov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အရာရှိကြီးများအား ဧရာဝတီရေတပ်စခန်း ဌာနချုပ်၊ အရာရှိရိပ်သာ၌ လာရောက်တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရသည်။အဆိုပါ တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်များ၏ ရေကြောင်းလုံခြုံမှုအပေါ် အတွေးအမြင်များအား အပြန်အလှန်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံရေတပ်အရာရှိများအကြား အပြန်အလှန်ဆက်ဆံမှု၊ စစ်ရေယာဉ် လည်ပတ်မှုဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)