ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ကျဆီးကျေးရွာ တွင် ငွေကျပ်သန်းပေါင်း ၆၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်/ခဲယမ်းများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) လှိုင်မြို့နယ်၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ရှိ တက္ကသိုလ် အားကစားရုံအား တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အသုံးပြုခွင့် ရရှိရန် လာမည့် ဘဏ္ဍာနှစ်တွင် ပြန်လည် စီစဉ်ပေးသွားမည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ပြည်သူ့...
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) မကြာမီ စတင်မည့် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ၌ UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)မှ ကိုယ်စားလှယ်များ အားလုံး လက်မှတ် ရေးထိုး ပါဝင် နိုင်လိမ့်...
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-တနိုင်း လမ်းမကြီးပေါ်တွင် သြဂုတ် ၉ ရက် နံနက် ၅ နာရီခန့်က ခလုတ်မိုင်းဖောက်ခွဲရန် တပ်ဆင်နေစဉ် ပေါက်ကွဲမှု ဖြစ်၍ လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
နေပြည်တော်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) စုပေါင်းပိုင် အဆောက်အအုံတွင် နိုင်ငံခြားသားများ အခန်းဝယ်ယူခွင့် ရရှိစေမည့် Condominium Law အတွက် လိုအပ်နေသော နည်းဥပဒေကို နောက်ထပ် အချိန် တစ်လမကျော်မီ ပြဌာန်းနိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ယနေ့ အမျိုးသား လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း ဖောက်ခွဲရေးပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ၏ ဒေသတွင်း ပေါင်းစည်းရေး လုပ်ငန်းများကို ဆက်လက်ပြီး ပူးပေါင်း ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ နှစ် (၅ဝ) ပြည့် အာဆီယံနေ့ ဗီဒီယို သဝဏ်လွှာတွင်...
ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအား နိုင်ငံတော် သမ္မတထံ တင်ပြထားကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ သြဂုတ်လ ၆ ရက်နေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) သြဂုတ်လ ၅ ရက်နေ့ နံနက် ၈း၃၀ နာရီ ခန့်က မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက် ၊ ပြည်လမ်း နှင့် ယိုးဒယားလမ်းထောင့် ၊ အမှတ် ၁၉၊ Farmer ငွေလဲကောင်တာ တွင်လူနှစ်ဦး...
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး တရားမဝင်ဆေးရောင်းချသူများအား ထိရောက်စွာ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။