Connect with us

Politics, Law & Military

ဖားကန့်မြို့နယ်၌ ရဲတပ်ဖွဲ့ဝင်နှင့် ရေမဆေးကျောက်ရှာဖွေသူများ ပဋိပက္ခဖြစ်ပွားပြီး ငါးဦးသေဆုံး၊ ၂၅ဦး ဒဏ်ရာရရှိ

ကချင်ပြည်နယ်ရှိ ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု တစ်သုံးလုံးကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများ ပဋိပက္ခဖြစ်ပွားပြီး ငါးဦးသေဆုံးကာ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

တစ်သုံးလုံးကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား တုတ်၊ ဓားလက်နက် များ ကိုင်ဆောင်ထားသည့် ရေမဆေးကျောက်ရှာဖွေသူများက အောက်တိုဘာ ၁၈ ရက် ညပိုင်းတွင် လုပ်ကွက်အတွင်း အတင်းဝင်ရောက်ပြီး ရန်ပြုတိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေဆုံးကာ ၂ဝ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု တစ်သုံးလုံးကျောက်မျက်ကုမ္ပဏီလုပ်ကွက်တွင် အောက်တိုဘာ ၁၈ ရက် ည ၉ နာရီခွဲခန့်က ရေမဆေးကျောက်ရှာဖွေသူ ၅ဝ ခန့်က လုပ်ကွက်အတွင်း အတင်းဝင်ရောက်လာခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးရာ ပြန်လည်ထွက်ခွာသွားပြီး ည ၁ဝ နာရီခွဲခန့်တွင် အင်အား ၆ဝဝ ခန့်သည် တုတ်၊ ဓားလက်နက်များကိုင်ဆောင်လျက် ထပ်မံဝင်ရောက်၍ ရဲတပ်ဖွဲ့ဝင်များအား ခဲဖြင့်ပစ်ပေါက်ခြင်း၊ မြေသယ်ယာဉ်အား မီးရှို့ခြင်းနှင့် ဘက်ဟိုးယာဉ်အား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ရဲအရာရှိတစ်ဦးအား ဓားဖြင့် ဝင်ခုတ်သဖြင့် ရဲတပ်ဖွဲ့ဝင်များက ခြောက် လှန့်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများအား မှော်ပုံကျေးရွာ လူမှုကူညီရေးအသင်းမှ မော်တော် ယာဉ်များဖြင့် လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ဒဏ်ရာပြင်းထန်သူ ကိုးဦးအား မြစ်ကြီးနားဆေးရုံသို့ ဆက်လက်ပို့ဆောင်ကုသပေးသွားမည်ဖြစ်ကြောင်း နှင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.