Connect with us

Politics, Law & Military

ကြွေးကျန် ရွှေစင် ပိသာ ၁၄၀ ကျော်သာ ကျန်ရှိဟု သယံဇာတ ဝန်ကြီး ပြော

ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင် မှ လက်ဝတ်ရတနာများကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ရွှေတူးဖော်ရေး ကုမ္ပဏီများက ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေကြွေး ကျန် ပမာဏမှာ ရွှေစင် ပိသာ ၁၄၀ ကျော်( ၁၄၁၂၁ ဒသမ ၃၂ ကျပ်သား) ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ရွှေတူးဖော်ရေး လုပ်ငန်းများ၊ ကုမ္ပဏီများက အမှတ်(၂) သတ္တုတွင်း လုပ်ငန်းသို့ ပေးသွင်းရန် ပျက်ကွက်ခဲ့တဲ့ အတွက် ကျန်ရှိ ရွှေကြွေးကျန် ပမာဏဟာ ၂၀၁၇ စက်တင်ဘာ လကုန်အထိ ရွှေစင် ၁၄၁၂၁ ဒသမ ၃၂ ကျပ်သား ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ရွှေကူ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၏ “ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးသွင်းရန် ကျန်ရှိသော ရွှေတူးဖော်ရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီတို့အား တိကျသော အရေးယူ မှုများ ဆောင်ရွက်သွားရန်နှင့် ကြွေးကျန်များ မကျန်ရှိအောင် ကောက်ခံသွားရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းကို ဖြေကြားရာတွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

ရွှေကြွေးကျန်များ စတင် ဖြစ်ပေါ်ချိန်တွင် ရွှေစင် ၁၀၇၅၆၀ ဒသမ ၉ ကျပ်သား ရှိခဲ့ပြီး ၂၀၁၄ – ၁၅ နှင့် ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်များတွင် ၉၀၁၈၁ ဒသမ ၁၉ ကျပ်သား၊ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် ၂၈၅၈ ဒသမ ၄၇ ကျပ်သား၊ ၂၀၁၇ – ၁၈ (စက်တင်ဘာ လကုန်အထိ)တွင် ၃၉၉ ဒသမ ၉၂ ကျပ်သား တို့ကို စာရင်းရှင်း ပေးသွင်းမှုများ ရှိခဲ့သဖြင့် ရွှေကြွေးကျန် ရွှေစင် ၁၄၁၂၁ ဒသမ ၃၂ ကျပ်သားသာ ကျန်ရှိတော့ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

အဆိုပါ ရွှေ ကြွေးကျန်များ ရရှိရန် ဆောင်ရွက်ရာတွင် နယ်မြေ မအေးချမ်းသော ဒေသများတွင် လုပ်ငန်းမဆောင်ရွက်နိုင်သည့် ကုမ္ပဏီ ၄၆ ခု၏ ပေးသွင်းရန်ကျန် ရွှေစင် ၂၁၀၅ ဒသမ ၅၉ ကျပ်သားကို စာရင်း ပယ်ဖျက်ခြင်း၊ စုစုပေါင်း ၃၈၁ ဒသမ ၂၅ ကျပ်သား ရရန်ရှိသည့် ရွှေလုပ်ငန်း ကုမ္ပဏီ ခြောက်ခုတို့အား တရားရုံးတွင် တရားစွဲထားခြင်း၊ စုစုပေါင်း ရွှေစင် ၅၂၈ ဒသမ ၃၆ ကျပ်သား ရရန်ရှိသည့် ကုမ္ပဏီ လေးခုတို့အား တရားရုံးတင်နိုင်ရေး ဆောင်ရွက်လျက်ရှိခြင်း၊၊ စုစုပေါင်း ရွှေစင် ၁၁၁၀၅ ဒသမ ၁၂ ကျပ်သား ရရန်ရှိသည့် ကျန် ကုမ္ပဏီ ၁၃၀ တို့အား ရှေ့နေ သတိပေးစာ သုံးကြိမ် ပေးပို့ ထားပြီး တရားစွဲဆိုရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိခြင်းတို့ကို ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများအရ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.