ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) မြန်မာ-အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ဆွေးနွေးကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်း လှည့်ကင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမားများနှင့် ပတ်သက်ကြောင်း မသင်္ကာသူ ၁၂ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ း ၃၀ နာရီတွင် သမ္မတ အိမ်တော်၌ လာရောက် တွေ့ဆုံ ဂါရဝပြုကာ ရခိုင်ပြည်နယ်ဆိုင်ရာ...
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်၌ ငွေကျပ် ၃၆၂၇ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁,၈၁၃,၅၀၀ ပြားများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဆိုဒ်စုံ၅၉၀ တုံး၊ သတင်းစာစက္ကူဖြင့် ထုပ်ပိုးထားသော ကျောက်စိမ်းလက်ကောက် ၂၁၅၄ ကွင်း (စုစုပေါင်းခန့်မှန်း၇၂၀ ကီလိုဂရမ်ခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ပျက်ကျY-8 လေယာဉ်၏ အင်ဂျင်တစ်လုံးနှင့် ပန်ကာရွက်သုံးခု အပါအဝင် လေယာဉ်အစိတ်အပိုင်း များကို သြဂုတ်လ ၂၂ ရက်နေ့က ထပ်မံရှာဖွေဆယ်ယူရရှိ ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၊ ကွမ်ရှီးပြည်သူ့အသံလွှင့် ဌာန(GXBS) နှင့် မြန်မာနိုင်ငံ ၊ ပြန်ကြားရေး ဝန်ကြီးဌာန ၊ မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြား(MRTV) တို့ပူးပေါင်း၍ “မင်္ဂလာပါ ချောင်အန်း” အမည်ရှိ တရုတ် ရုပ်သံ ဇာတ်လမ်းတွဲအား...
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဗဟိုတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ကို သြဂုတ်လ ၂၂ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း NLDထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈ဦးအား အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၂၁ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ပျက်ကျ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများကို လေယာဉ်အမြီးပိုင်း ရှာဖွေတွေ့ရှိခဲ့သည့် နေရာတစ်ဝိုက်၌ သြဂုတ်လ ၂၁ရက်က ထပ်မံတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။