Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရခိုင် ပြည်နယ် အတွင်း ရေရှည်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အနက် ဦးစားပေး လုပ်ငန်းများ ချမှတ်

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင် ပြည်နယ် အတွင်း ရေရှည်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အနက် ဦးစားပေး လုပ်ငန်းများအား ရခိုင် ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ချမှတ်ပေးခဲ့ကြောင်း သိရသည်။

ရခိုင် ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထိုကဲ့သို့ချမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင် ပြည်နယ် အတွင်း လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ကူညီမှုများ ထိထိရောက်ရောက် ပေးအပ် နိုင်ရေး ၊ ပြန်လည် နေရာ ချထားရေး နှင့် ပြန်လည် ထူထောင်ရေး၊ ရေရှည်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အနက် ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ချမှတ် ပေးခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေး၌ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း တွေ့ရှိချက်များ ၊ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ ၊ လုံခြုံရေး အခြေအနေ ၊ ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေး ဆောင်ရွက် နေမှု အခြေအနေ တို့ကို ပြည်ထောင်စု ဝန်ကြီးများ ဖြစ်သည့် ဦးကျော်တင့်ဆွေ ၊ ဒေါက်တာ ဝင်းမြတ်အေး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ဦးဝင်းခိုင် တို့က ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.