ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) ကိုကိုးကျွန်း ရေပြင်တွင် တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများအား မတ်လ ၂၃ ရက်မှ ၃၁ ရက် အတွင်း လေ့ကျင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ အခြေအနေ တိုးတက်လာစေရန် လတ်တလော အကောင်အထည်ဖော်နိုင်မည့် အဆင့်များ ပါဝင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအား တင်သွင်းလိုက်ကြောင်း ယနေ့ မတ် ၁၆ ရက်တွင် ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားများ Visa (ဗီဇာ) လျှောက်ထားရာတွင် အဆင်ပြေစေရေးအတွက် Online Visa စနစ်အား e-Visa Website ဖြစ်သည့် https://evisa.moip.gov.mm တွင် လျှောက်ထားနိုင်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) အစိုးရ ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးတွင် ယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ေ၀ အသုံးပြုနေခြင်းကို ပြန်လည်သုံးသပ်ပြီးနိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်း လမ်းကြောင်းကို စိုးမိုးသည့် ပွိုင့်-၁၂၆၉ တောင်ကုန်းအား တပ်မတော်မှ ယနေ့မတ် ၁၅ ရက်တွင် သိမ်းပိုက် ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ အတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး များတွင် မတ် ၁၇ ရက်မှ စတင်၍ ထုတ်ပေးမည် ဖြစ်ရာ လာရောက်...
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) နယ်စပ်ဖြတ်ကျော် အဖွဲ့လိုက်ခရီးသွားခြင်း(၊Package Tour) ခရီးစဉ်များနှင့် ကန့်သတ်ဒေသ ခရီးစဉ်များအတွက် ခွင့်ပြုမိန့်တောင်းခံရာတွင် လိုအပ်သည့်အချက်များအား ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၏ နောက်ဆက်တွဲ (၂) ပါ စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ...
ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး ကိစ္စ နှင့် ပတ်သက်၍ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ တာဝန်ရှိသူများသည် ၇-၃-၂၀၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှရေးရာဌာန ညွှန်ကြားရေးမှူး Mr. Chatchai Viriyavejakul နှင့်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ...
ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း အမျိုးသားလွှတ်တော်အနေဖြင့် မေးခွန်းပေါင်း ၄၄၄ ခုနှင့် အဆိုလေးခုမေးမြန်းတင်သွင်းခဲ့ကြောင်း၊ ၎င်းတို့ အနက်မှ ပြည်ထောင်စုအဖွဲ့ဝင်များက ဆောင်ရွက်ပေးရန် ကတိပေးခဲ့သည့် မေးခွန်း ၂၄၆ ခု၊ အတည်ပြုအဆို တစ်ခု၊ အတည်မပြုအဆို တစ်ခုနှင့် မှတ်တမ်းတင်အဆို နှစ်ခုရှိခဲ့ကြောင်း...