Connect with us

Politics, Law & Military

နှစ်(၇ဝ)ပြည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပစဉ် လုံခြုံရေးကို ထိခိုက် စေနိုင်မည့် ပစ္စည်း ယူဆောင် ခွင့်မပြုကြောင်း အသိပေး ကြေညာ

နှစ်(၇ဝ)ပြည့် အာဇာနည်နေ့ အခမ်းအနား အသိပေး ကြေညာချက်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

နှစ်(၇ဝ)ပြည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပစဉ် အာဇာနည် ဗိမာန် နှင့် ဗိုလ်ချုပ်ပြတိုက်သို့ ဝင်ရောက် ဂါရဝ ပြုကြမည့်သူ များသည် ကြိုတင် စစ်ဆေးခံယူမှု မရှိသော လုံခြုံရေးကို ထိခိုက်စေနိုင်မည့် ပစ္စည်း တစ်စုံတစ်ရာ ယူဆောင် ခွင့်မပြုကြောင်း လုံခြုံရေး နှင့် စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်း ကော်မတီမှ ကြိုတင် အသိပေး ကြေညာခဲ့သည်။

ဂါရဝပြုကြမည့်သူ များသည် ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း၊ ဘူး အမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်၊ သံပိုက်၊ ကော်ပိုက်တို့အား ယူဆောင်၍ ဝင်ရောက်ခွင့် မပြုကြောင်း အသိပေး ကြေညာခဲ့သည်။

အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ ဝင်/ထွက်ရာလမ်းကြောင်းနှင့် ဂိတ်များ၌ လုံခြုံရေးအရ ရှာဖွေ စစ်ဆေးမှု များကို ပူးပေါင်းကူညီသောအားဖြင့် ကြည်ဖြူစွာ အစစ်ဆေးခံပေးကြရန်နှင့် သတ်မှတ် လမ်းကြောင်းမှသာ စည်းကမ်း တကျဝင်ရောက် ထွက်ခွာကြပါရန် မေတ္တာရပ်ခံထားသည်။

အာဇာနည် ဗိမာန်သို့ အများပြည်သူ လာရောက်ဂါရဝပြုနိုင်ရန် ဇူလိုင်လ ၁၉ ရက်နေ့ ၊ နေ့လည် ၁၂ အချိန်မှ ညနေ ၅ နာရီ အချိန်ထိ ဖွင့်လှစ်ထားမည် ဖြစ်ရာ လာရောက်ကြမည့် ပြည်သူများသည် အနောက် ရွှေဂုံတိုင် လမ်းမှတစ်ဆင့် အနောက်ရွှေဂုံတိုင်လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ်(၁)မှ ဝင်ရောက်၍ ဂိတ်(၂)မှတစ်ဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ် စောင်းတန်း သို့ ထွက်ခွာရမည်ဖြစ်ကြောင်း သိရသည်။

အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားထားသော ဧည့်သည်တော်များသည် ရွှေတိဂုံ တောင်ဘက်မုခ်မှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ်မှတစ်ဆင့် ရွှေတိဂုံမြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန် ဝင်ပေါက်ဂိတ်(၂)မှ ဝင်ရောက်ပြီး အနောက်ရွှေဂုံတိုင်လမ်းသို့ ဂိတ်(၃)မှ ပြန်လည် ထွက်ခွာရမည်ဖြစ်ကြောင်း သိရသည်။

နှစ်(၇ဝ)ပြည့် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည်ဗိမာန် ၌ ဇူလိုင်လ ၁၉ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန်၌ စတင်ကျင်းပမည်ဖြစ်ရာ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ အချိန်မှ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၆ နာရီ အချိန်ထိ ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းဆုံရာမှ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း လင့်လမ်းနှင့် ဆုံရာအထိ ၊ အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံဘုရားအရှေ့မုခ်စောင်းတန်းအထိ ၊ အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်ဗိမာန်သို့ တက်ရောက်ရာအုတ်လှေကားလမ်းနှင့် ကျောက်ဆည်ဓမ္မာရုံဘေး လမ်းကြားများကို ဖြတ်သန်းသွားလာမှု ယာယီပိတ်ဆို့ထား မည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.