Connect with us

Politics, Law & Military

ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင် အကြမ်းဖက်သမားများ အပြန်အလှန်ပစ်ခတ်

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင် အကြမ်းဖက်သမားများ အပြန်အလှန်ပစ်ခတ်ရာပြ မြေပုံ(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စုအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင် အကြမ်းဖက်သမားများ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းတွင် တင်းမေကျေးရွာအနီး ကင်းလှည့်ဆောင်ရွက်စဉ်နေအိမ်အတွင်းမှ လက်နက်ငယ်ဖြင့်အတွဲလိုက် အချက် ၂၀ ခန့်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကပူးပေါင်းပိတ်ဆို့၍ လက်နက်ငယ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ရာ နေအိမ်အတွင်းရှိအကြမ်းဖက်သမားများက မိုင်း တစ်လုံးဖောက်ခွဲ၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်အတွင်းမှပြေးထွက်လာသည့် လက်နက်ကိုင်အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။ယင်းနောက် ပေါက်ကွဲသည့် နေအိမ်အား ဆက်လက်ရှင်းလင်းရာ မီးလောင်ကျွမ်းထားသော ဘီအေ ၉၄ တစ်လက်၊ကျည်အိမ် နှစ်ခု၊ ဘီအေ ၉၄ ကျည်ခွံ ၆တောင့်၊လုပ်သေနတ် တစ်လက်၊အသက်သွင်းထားသည့် ရီမု မိုင်း တစ်လုံး၊ လက်လုပ်မိုင်းပြုလုပ်ရန်ပြင်ဆင်ထားသည့် အချင်း ၄ လက်မ၊အလျား ၈ လက်မတစ်ဖက်ပိတ် ကားပစ်စတင်(Piston) ၁ ခု၊ အချင်း ၅လက်မ၊အလျား ၈ လက်မရှိ တစ်ဖက်ပိတ် ကားပစ်စတင် ၁ ခု၊ဒီတိုနေတာ(Detonator) ၈ ခု၊သေဆုံးသူ၏ခါးတွင် ပတ်ထားသည့် ခါးပတ်ပိုက်ဆံအိတ်အတွင်းမှ ဘင်္ဂလားတာကာငွေ ၁၀၀၀ တန် ၁ ရွက်၊၁၀ တန် ၅ ရွက်၊ ၂၀ တန် ၇ ရွက်၊Symphonyဖုန်း ၁ လုံး၊မီးလောင်ကျွမ်းထားသည့် စကားပြောစက် ၄ လုံး၊အားသွင်းခုံ၊ကြိုး၊ဘက်ထရီ သုံးမရ ၃ ခု၊ဓာတ်ခဲခြောက် ၄ ခု၊ဓားရှည် ၆ ချောင်း၊မောင်းချဓား ၄ ချောင်း၊ဓားမ ၁ လက်၊လို့အား သိမ်းဆည်းရမိခဲ့သည်။ယင်းသိမ်းဆီးရမိသော ဘီအေ ၉၄သေနတ်၁ လက် သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်က ကျီးကန်ပြင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါသွားသည့် လက်နက်ဖြစ်ကြောင်း သိရသည်။(Xinhua)