ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) မြဝတီမြို့အတွင်း စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၇၈,၄၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၃၀၀ ကျော်) နှင့် လက်နက်/ခဲယမ်းများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မောင်တော ဒေသ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တပ်မတော်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး စုစုပေါင်း ၁၇ ဦး ကျဆုံးကာ တပ်မတော်သား ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၇ ဦး၊ အပြစ်မဲ့အရပ်သားပြည်သူ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့ယနေ့ဖေဖော်ဝါရီ ၁၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဥက္ကဋ္ဌအဖြစ်ပါဝင်သော အဖွဲ့ဝင် ၂၇ ဦးဖြင့် ယနေ့ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် တရားခံပြေးကြေညာထားသူ နဂါးလေးအား ယမန်နေ့က ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် ပြန်လည်ခုခံကာ မောင်းပြေးသွားသော ကားအား ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျည်စုအနောက်ကွင်းအနီး ရှာဖွေတွေ့ရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ငါးခုအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ယနေ့ဖွဲ့စည်းလိုက်ကြောင်းနိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်အတွင်းယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေ ၅နာရီ၂၅ မိနစ်ခန့်တွင် တရားခံပြေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီးလက်ရှိချိန်ထိ တရားခံ လွတ်မြောက်နေဆဲဖြစ်ကြောင်း တာဝန်ရှိ ရဲမှူးးတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များအစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသုံးပြုနိုင်ရန် ထိရောက်သော အထောက်အကူပြု ပစ္စည်းများ ဝယ်ယူအသုံးပြုရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေ ချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အခြေအနေများနှင့် နိုင်ငံတော်အစိုးရ၏ ၂၁ ရာစုပင်လုံညီလာခံ ဆောင်ရွက်နေမှုများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ နိုင်ငံတကာမှ သံတမန်များအား ရှင်းလင်းပြောကြားခဲ့သည်။