Connect with us

Politics, Law & Military

မော်တော်ယာဉ်အစီးပေါင်း ၅သိန်းကျော် ယခုနှစ် မေလအထိ ပါမစ်ခွင့်ပြုပြီးဖြစ်

ကားအရောင်းစင်တာတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အထူးအစီအစဉ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့် စတင်ခွင့်ပြုချိန်မှ ယခုနှစ်မေလထိ စုစုပေါင်း မော်တော်ယာဉ်ပါမစ် ၅၈၇,၄ဝ၂ စီးအားခွင့်ပြုဆောင်ရွက်ပေးခဲ့ပါကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအစည်းအဝေးတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကပြောကြားခဲ့သည်။

Car Sale Center (ကားအရောင်းစင်တာ) နှင့် Car Show Room (ကားအရောင်းပြခန်း) များဖွင့်လှစ်ဆောင် ရွက်လျက်ရှိသော ကုမ္ပဏီများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်နိုင်ရန် မြေပြင်ကွင်း ဆင်းစစ်ဆေးအဖွဲ့များကို ဖွဲ့စည်း စစ်ဆေးခဲ့ပြီး စည်းမျဉ်းစည်းကမ်း လိုက်နာမှုမရှိသော Car Sale Center များ၊ Show Room များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းတိုးတက်ရန်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်းမော်တော်ယာဉ် ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာအသီးသီးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှု အပိုင်း၊ မှတ်ပုံတင်ခြင်းအပိုင်း၊ အခွန် ပေးဆောင်ခြင်း အပိုင်းများကို လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင် ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.