Connect with us

Politics, Law & Military

၂၀၁၆ နှစ်ကုန်အထိ ပြည်တွင်းပြည်ပကြွေး လက်ကျန် ကျပ်ဘီလျံ ၂၇၀၀၀ ခန့်ရှိ

ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

၂၀၁၆ ဒီဇင်ဘာ ၃၁ ရက် အထိ ပြည်တွင်း ပြည်ပကြွေး လက်ကျန် စုစုပေါင်း ကျပ်ဘီလျံ ၂၇၀၀၀ ခန့်ရှိသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည့် ၂၀၁၇ ခုနှစ် ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာ (မူကြမ်း)တွင် ဖော်ပြပါရှိသည်။

ပြည်ပကြွေးမြီလက်ကျန်မှာ ကျပ် ၁၀၆၅၃ ဘီလျံ၊ ကြွေးအားလုံး၏ ၃၉ ဒသမ ၄၇ ရာခိုင်နှုန်းနှင့် ပြည်တွင်း ကြွေးမြီ လက်ကျန်မှာ ကျပ် ၁၆၃၃၄ ဒသမ ၄ ဘီလျံ၊ ကြွေးမြီအားလုံး၏ ၆၀ ဒသမ ၅၃ ရာခိုင်နှုန်း — စုစုပေါင်း ကျပ် ၂၆,၉၈၇ ဒသမ ၄ ဘီလျံ ရှိကြောင်း ဖော်ပြထားသည်။

ပြည်ပကြွေးမြီများမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၁၃၆၄ ဒသမ ၂ သန်း၊ နှစ်နိုင်ငံ အစိုးရကြား ချေးငွေ ဒေါ်လာ ၇၆၂၅ ဒသမ ၇ သန်း၊ ပဲရစ်ကလပ် နိုင်ငံများမှ ချေးငွေ ဒေါ်လာ ၃၃၀၁ ဒသမ ၃ သန်း၊ ပဲရစ်ကလပ် မဟုတ်သော နိုင်ငံများမှ ချေးငွေ ဒေါ်လာ ၄၃၂၄ ဒသမ ၄ သန်း — စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၉၈၉ ဒသမ ၉ သန်း (ကျပ် ၁၀၆၅၃ ဘီလျံ) တို့ဖြစ်ပြီး ပြည်တွင်းကြွေးမြီများမှာ ဗဟိုဘဏ်သို့ ရောင်းချသော ငွေတိုက်လက်မှတ် ကျပ် ၁၁၉၁၈ ဒသမ ၉ ဘီလျံ၊ လေလံစနစ်ဖြင့်ရောင်းချသော ငွေတိုက်လက်မှတ် ကျပ် ၁၀၈၇ ဘီလျံ၊ ငွေတိုက် စာချုပ် (စနစ်ဟောင်း) ကျပ် ၂၁၈၆ ဒသမ၂ ဘီလျံ၊ လေလံစနစ်ဖြင့် ရောင်းချသော ငွေတိုက်စာချုပ် များ ကျပ် ၁၀၄၂ ဒသမ ၃ ဘီလျံ — စုစုပေါင်း ကျပ် ၁၆၃၃၄ ဒသမ ၄ ဘီလျံ တို့ဖြစ်ကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.