Connect with us

Politics, Law & Military

ရန်ကုန် မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းရှိရထားတွဲဆိုင်းများ၌ လုံခြုံရေးဆောင်ရွက်လျက်ရှိ

မြန်မာ့မီးရထားမှ ပြေးဆွဲလျက်ရှိသည့် ရထားတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ရထားစီးခရီးသည်များ လုံခြုံစိတ်ချစွာ ရထားစီးအဆင်ပြေစေရန်အတွက် ရန်ကုန် မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းရှိရထားတွဲဆိုင်းများ၌ ရထား ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေး လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအနေအထားအရ အမှတ်(၁၃)တပ်ခွဲ ရန်ကုန်က မြို့ပတ်လော်ကယ်ရထားများရှိ ရထားစီးခရီး သွားပြည်သူများနှင့် တပ်ဖွဲ့ဝင်များ စနစ်တကျဖြစ်စေရန်အတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး အမှတ်(၁၂)တပ်ခွဲ သင်္ဃန်းကျွန်းမှလည်း တပ်ခွဲမှူးတစ်ဦး အထိုင် ချကာ တပ်ဖွဲ့ဝင်များ၏လုံခြုံရေးတာဝန်ဆောင်ရွက်မှုအပိုင်းများနှင့် ခရီးသွားပြည် သူများ စိတ်ချမ်းမြေ့စွာသွားလာနိုင်ရေးအတွက် လုံခြုံရေးစစ်ဆေးဆောင် ရွက် လျက်ရှိကြောင်း သိရသည်။

ယခင်က မြန်မာ့မီးရထားမှ ရထားစီးခရီးသည်များ အဆင်ပြေစေရေး အတွက် တစ်ရက်လျှင် ပြေးဆွဲခေါက်ရေ ၂၁၅ ခေါက်ကို RBE ရထားတွဲဆိုင်း ကိုးဆိုင်း၊ တွဲဆိုင်းကြီး ၁၄ ဆိုင်းဖြင့် ပြေးဆွဲပေးခဲ့ရာ ယခုအခါ ရထားစီးခရီးသည်များ ပိုမိုများပြားလာသည့်အတွက် ကြောင့် တစ်ရက်လျှင် ပြေးဆွဲခေါက်ရေ ၂၂ဝ ဖြင့် ပိုမို တိုးမြှင့်ပြေးဆွဲပေးလျက်ရှိပြီး RBE ရထားတွဲဆိုင်း ၁၂ ဆိုင်း၊ တွဲဆိုင်းကြီး ၁၃ ဆိုင်းဖြင့် ပြေးဆွဲပေး လျက် ရှိကြောင်း၊ ထို့ပြင် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်း၌ မြို့ပတ် ဘူတာ ၃၈ ဘူတာ၊ ဆင်ခြေဖုံးဘူတာ ၁၇ ဘူတာဖြင့် စုစုပေါင်းဘူတာ ၅၅ ဘူတာရှိနေကြောင်း၊ ရထားစီး ခရီးသည်ဦးရေမှာ တစ်ရက်လျှင် ပျမ်းမျှဦးရေ ရှစ်သောင်းခွဲ ခန့်ထိ လိုက်ပါစီးနင်းနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.