Connect with us

Politics, Law & Military

ရေကြောင်း အလုပ်သမား ဥပဒေကြမ်း ပြီးစီးတော့မည်ဟု ဆို

ပင်လယ်ကူးသင်္ဘောတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ပင်လယ်ကူး သင်္ဘောသားများအတွက် နိုင်ငံတကာအဆင့် ပြည့်စုံသည့် ရေကြောင်း အလုပ်သမား ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိရာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“ပင်လယ်ကူး သင်္ဘောသားတွေနဲ့ပတ်သက်တဲ့ ပြဌာန်းချက်တွေက မြန်မာ ကုန်သည် သင်္ဘော အက်ဥပဒေမှာ ပါရှိပြီးသားပါ၊ ဒါပေမယ့် MLC (Maritime Labour Compliance) 2006 Convention ပါ ပြဌာန်းချက်တွေအရ အရင် ပြဌာန်းချက်တွေနဲ့လုံလောက်မှု မရှိလို့ ပြည်တွင်း ဥပဒေတစ်ရပ် အဖြစ် ရေးဆွဲ ပြဌာန်းနိင်ဖို့ ရေကြောင်း အလုပ်သမား ဥပဒေကြမ်းကို ရေးဆွဲနေပါပြီ၊ အခု ၉၀ ရာခိုင်နှုန်း ပြီးနေပါပြီ” ဟု ၎င်းက ပြောခဲ့သည်။

MLC သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)က ၂၀၀၆ ခုနှစ် ILO ညီလာခံက ပြဌာန်းခဲ့သော ရေကြောင်း အလုပ်သမား သဘောတူညီချက် (Declaration of Maritime Labour Compliance) ဖြစ်ပြီး အဆိုပါ ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ် မေလ ၂၅ ရက်နေ့၌ နောက်မှ အတည်ပြု လက်မှတ်ရေးထိုးခြင်းနည်းလမ်း (Accession) ဖြင့် အဖွဲ့ဝင်ဖြစ်လာခဲ့ကြောင်း၊ ကွန်ဗင်းရှင်းပါ ဥပေဒေအရ မြန်မာနိုင်ငံတွင် ၂၀၁၇ မေလ ၂၅ ရက်မှစပြီး အာဏာသက်ရောက်ခဲ့ ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြခဲ့သည်။

အခန်း ၁၂ ပေါင်း ၁၂ ခန်း ရှိပြီး ပုဒ်မပေါင်း ၁၀၀ ကျော် ပါဝင်သည့် အဆိုပါ ဥပဒေတွင် သင်္ဘောပေါ်၌ အလုပ်လုပ်ရန် အနည်းဆုံး လိုအပ်ချက်များ၊ အလုပ်ခန့်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များ အစားအသောက်နှင့် နေရာထိုင်ခင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှု၊ စစ်ဆေးခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်း၊ တိုင်ကြားချက်များ၊ ဆိပ်ကမ်းတွင် စစ်ဆေးခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ … … စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

“ဥပဒေကြမ်းရေးဆွဲပြီးရင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများကို ပေးပို့ပြီး သဘောထား တောင်းခံခြင်း၊ ညှိနှိုင်း ပြင်ဆင်ရေးဆွဲခြင်းတွေ ပြုလုပ်ပါမယ်၊ ပြီးရင် ပြည်ထောင်စုလွှတ်တော်က အတိပြု ပြဌာန်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်သွားပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။ (Xinnhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.