ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် စပ်လျဉ်း၍ မဟာဗျူစာ ရူ့ထောင့်မှ လေ့လာ သုံးသပ်အကြံပေးရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်ပြီး ဇန်နဝါရီ ၁၀ရက်နေ့က နိုင်ငံတော် သမ္မတက ခန့်အပ်လိုက်သည်။
မနီလာ ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မှ ငါးဖမ်း သင်္ဘော တစ်စင်း သည် ဇန်နဝါရီ ၉ ရက်နေ့ ညပိုင်းအချိန်တွင် အမည်မသိ သေးသည့် လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး လက်ရှိချိန် တွင် အနည်းဆုံး...
ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် တွင်၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတိုင်း နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှင့် စီးပွားရေးတည်ငြိမ်မှုအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၇) အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မိမိတို့ အစိုးရသစ်လက်ထက်တွင် ပထမဆုံးရေးဆွဲ ထားသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ချပြညှိနှိုင်းကာ စီမံကိန်းကော်မရှင်တွင် အတည်ပြုချက်ရယူမည့် အစည်းအဝေးကို ယနေ့ဇန်နဝါရီ ၉ရက်၌ နေပြည်တော် သမ္မတအိမ်တော်တွင်...
ဟယ်ဆင်ကီ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ အခြေစိုက် HMD Global ကုမ္ပဏီ က ၎င်း၏ ပထမဆုံး Nokia အမှတ်တံဆိပ် မိုဘိုင်းဖုန်းအား ဇန်နဝါရီ ၈ရက်တွင် ကြေညာခဲ့သည်။ Android စနစ်ကိုအခြေခံထားသော ယင်း မိုဘိုင်းဖုန်းသည် တရုတ်နိုင်ငံဈေးကွက်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) နာဂဒေသရှိ မြန်မာ-အိန္ဒိယနယ်နိမိတ် မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြား မြန်မာဘက်မှ ခြံစည်းရိုး ကာရံမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ နယ်စပ်ဒေသမှ သတင်းများ ထွက်ပေါ်နေခြင်း အပေါ် အခြေအနေမှန်နှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား နယ်စပ်ရေးရာများကို...
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့နိုင်ရန် အဓိကလမ်းမများ၌ လုံခြုံရေးကင်မရာ ပါဝင်သော ဆင်ဆာမီးပွိုင့်များ တပ်ဆင်ထားပြီး စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များကို လုံခြုံရေး ကင်မရာများမှ တစ်ဆင့် မှတ်တမ်းတင်လျက်ရှိရာ အဆိုပါယာဉ်များအား မော်တော်ယာဉ်နှစ်ကုန် သက်တမ်းတိုးသည့် အချိန်တွင် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲ...
အစ္စလမ်မာဘတ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဇန်နဝါရီ ၈ရက်က ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြား လူ၂၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ဟောင်ကောင် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) မကြာသေးမီက အသစ်ထုတ်ပြန်လိုက်သော ကမ္ဘာ့အထင်ကရမြို့ကြီး (၁ဝ) မြို့စာရင်းတွင် တရုတ်နိုင်ငံမှ ဟောင်ကောင် ၊ ရှန်ဟိုင်း နှင့် ဘေဂျင်းမြို့တို့ပါဝင်လာကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံမြို လိပ်အင်းရပ်ကွက် ဓါတ်တော်တိုက် ဘုရားလမ်းနှင့် ရွာဦးတာ လမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ငွေကျပ်သိန်း ၈၀၀ ခန့် တန်ဖိုးရှိ ပတ္တမြား အရိုင်းတုံး ၁ လုံး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သဖြင့် သထုံမြို့မ ရဲစခန်းလာရောက် တိုင်တန်း...