Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက် ကြစေ လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေး(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေး အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီ များက ကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အနေဖြင့် ပထမ အစည်းအဝေး ကျင်းပ ခဲ့ရာတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို အခြေခံ၍ အားသာချက်၊ အားနည်းချက်များ သိရှိ ထားပြီး ဖြစ်ကြောင်း ၊ ယခု တစ်ကြိမ်တွင် ပိုမို အဆင်ပြေ ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက် ကြရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ဧပြီ ၂၇ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေ ၂၄ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ လုပ်ငန်း ကော်မတီ အလိုက် ဆောင်ရွက်ကြမည့် ဖိတ်ကြား ရေး၊ ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ် ရေး၊ အစည်းအဝေးခန်းမအတွင်း နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ လုံခြုံရေး၊ သတင်းပြန်ကြားရေး၊ ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေ အနေများကို လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ နှင့် ဒုတိယဝန်ကြီးများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.