Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ် အစည်းအဝေးကို မေလ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်

JICM အစည်းအဝေးသို့တက်ရောက်သူများအမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ် အစည်းအဝေးကိုမေလ ၂၄ ရက်မှ ၂၈ ရက်အထိကျင်းပမည်ဟုနေပြည်တော်တွင် ယနေ့ပြုလုပ်သော JICM အစည်းအဝေးက အတည်ပြု ထုတ်ပြန် ခဲ့သည်။

“ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို မေလ ၂၄ ရက်နေ့မှာ စတင် ကျင်းပမယ်၊ ငါးရက်ကျင်းပမယ်လို့ ဒီနေ့JICM အစည်းအဝေးက အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်” ဟု နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်း အဝေး (JICM) အပြီးတွင် ထိုအစည်း အဝေး၏ အခမ်းနားမှူးး ဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာနညွှန်ကြားရေးမှူးးချူ ပ်ဦးဇော်ဌေးက မီဒီယာကို ပြောသည်။

ယနေ့အစည်းအဝေးသည် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ်ကျင်းပမည့် ရက်စွဲ အပါအဝင် အချက် ရှစ်ချက်တို့ကို သဘောတူ ဆုံးဖြတ်နိုင်ခဲ့သည် ဟုလည်း ဦးဇော်ဌေးက ပြောသည်။“ဒုတိယ အချက်က မေလ ၂၄ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး မှာ ဘယ်လို Result ထွက်အောင် လုပ်မလဲပေါ့နော်။ ညီလာခံမှာ အားလုံး လက်ခံနိုင်တဲ့ အခြေခံ မူဝါဒ ဖော်ထုတ်သွားဖို့ ဒီနေ့ အစည်းအဝေးက သဘောတူပါတယ်။

နံပါတ် သုံးအချက်က အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မကျင်းပရ သေးတဲ့ အဖွဲ့တွေနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမယ်၊ နောက်တစ်ခုက ဒီအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရာမှာ အစည်းအဝေး ဆုံးဖြတ်ချက်တွေ သဲသဲကွဲကွဲ မဖြစ်တဲ့ အပေါ်မှာ SOB (Standard of Operating Producer) လုပ်ထုံးလုပ်နည်းတွေ တိတိကျကျ ရေးဆွဲဖို့ သဘောတူ ဆုံးဖြတ်ပါတယ်၊နံပါတ် ၄ အချက်ကတော့ JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ကော်မတီ) ကနေ တင်ပြတဲ့ SOP ပြင်ဆင်ချက်တွေ၊ ဆက်ဆံရေးရုံးတွေနဲ့ပတ်သက်လို့ ရေးထားတဲ့ တချို့တင်ပြချက်တွေဟာ JMC ဘောင်ကို ကျော်နေတယ်၊ UPDWC ကနေ လုပ်ရမယ့် ကိစ္စတွေ ပါနေတယ်၊ ဒါတွေကို ဆွေးနွေးပြီး JMC မှာ တင်ပြဖို့ ဒါတွေကို သဘောတူပါတယ်၊နံပါတ် ၅ အချက်က ကြားကာလ၊NCA ထိုးတဲ့အချိန်ကနေစပြီးပြည်ထောင်စု သဘောတူညီချက် စာချုပ်ကြီး မထွက်ခင်ထိ ကြားကာလမှာ နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ရမှာနဲ့ပတ်သက်လို့ သဘောတူညီချက်တွေ ရပါတယ်၊ ဘယ်လို လုပ်မလဲဆိုတော့ လုပ်ငန်း အဖွဲ့ဖွဲ့မှာပါ၊ ဒါကို ဒီနေ့ အစည်းအဝေးက သဘောတူပါတယ်၊နောက်တစ်ချက်က RCSS နဲ့ တပ်မတော်နဲ့ အငြင်းပွားနေတဲ့ အပစ်ရပ် နယ်မြေဒေသ သတ်မှတ် ချက် တွေကို JICM လုပ်ဆောင်ဖို့ ဆုံးဖြတ်ပေးပါတယ်၊နောက်ပြီး ဒီကာလမှာ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လို လုပ်မလဲဆိုပြီးတော့ JCV ကနေ တင်ပြပြီး ညှိနှိုင်း ဆောင် ရွက်သွားဖို့၊ ဆိုလိုတာက NCA ထိုးပြီးတဲ့အချိန်က စပြီး ပြည်ထောင်စု သဘောတူညီချက်တွေ ထွက် လာတဲ့အထိ ကာလ တစ်လျှောက်လုံးမှာ တိုင်းရင်းသားတွေ အတွက် အဓိက တောင်းဆိုချက် ဖြစ်ပါ တယ်၊ နောက် နံပါတ် ၆ အချက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပိုမို ပါဝင်လာဖို့ NCA အပေါ် အခြေခံပြီး ကြိုးပမ်းဆောင်ရွက် သွားဖို့လည်း နှစ်ဘက် သဘောတူကြပါတယ်၊ နံပါတ် ၇ အချက်က ချင်းပြည်နယ်မှာ JMC ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီးတော့ အဆင်မပြေတာကို အသေးစိတ်ဆွေးနွေးပြီး ပြန်လည် တင်ပြ ဖို့သဘောတူပါတယ်။ နံပါတ် ၈ အချက် နောက်ဆုံး အချက်က NCA မတိုင်ခင်မှာ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ အစိုးရနဲ့EAOs ကြားမှာ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေ ရှိတယ်၊ တချို့အချက်တွေက အကောင်အထည်မဖော်ဖို့ကျန်နေတယ်၊ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မလဲ ဆိုတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဲဒီ အချက် တွေကို NRPC ကို တင်ဖို့ ဆုံးဖြတ်ပေးတယ်။ NRPC မှာက နှစ်ပတ် တစ်ကြိမ် ပုံမှန် အစည်း အဝေး ရှိတယ်၊ တပ်မတော်လည်း ရှိတယ်၊ အဲဒီ အစည်းအဝေးမှာ ဆွေးနွေး သွားမယ်လို့ ဆုံးဖြတ်ပေးတယ်” ဟုလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117