Connect with us

Politics, Law & Military

ကုန်သွယ်မှု ပမာဏ ယခင်နှစ်ထက် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတိုးလာ

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ သန်းမြင့် ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှု ပမာဏသည် ယခင် ဘဏ္ဍာနှစ်ထက် ၁ ဒသမ ၅ ဘီလျံ တိုးတက်ရရှိခဲ့သည်ဟုစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က မီဒီယာသို့ပြောသည်။

“မြန်မာနိုင်ငံရဲ့ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏက ပို့ကုန်မှာ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၉၆ ဘီလျံနဲ့ သွင်းကုန်က ၁၇ ဘီလျံကျော် ရှိလို့ ကုန်သွယ်ရေးပိုင်းမှာ ၂၉ ဘီလျံကျော်ကျော်ရှိ ပြီး အရင်နှစ်ကထက် ၁ ဒသမ ၅ ဘီလျံလောက် တိုးတက် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု နေပြည် တော် ပြန်ကြားရေးဝန်ကြီးရုံးတွင် ယနေ့ညနေပိုင်း ပြုလုပ် သည့် အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲ၌ ၎င်းက ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

“ပို့ကုန်ပိုင်းကို ကြည့်ရင် နိုင်ငံပိုင်ကဏ္ဍမှာ မနှစ်က ထူးခြားတဲ့ အခြေအနေ ရှိခဲ့ပါတယ်၊ Gas ပို့နေတာဟာ gas ထွက်ရှိမှုကလည်း ကျဆင်းခဲ့ပြီး ဈေးနှုန်းကလည်း ၃၅ ရာခိုင်နှုန်း ကျသွားတဲ့ အတွက် မနှစ်ကထက် ၁ ဒသမ ၄ ဘီဘျံလောက် လျော့နည်းသွားပါတယ်၊ စက်မှု လုပ်ငန်းတွေက လည်း ထုတ်လုပ်မှုကျဆင်းခဲ့လို့ ပို့ကုန်မှာ အမေရိကန် ဒေါ်လာ သန်း နှစ်ရာဖိုးလောက် ကျသွားခဲ့ တယ်၊ သစ်တောပိုင်းမှာလည်း သစ်တောတွေ ပြန်လည် ထူထောာင်ဖို့ထုတ်လုပ်မှုတွေ လျှော့လိုက် လို့ပို့ကုန်တန်ဖိုးတွေ လျော့တယ်၊ ကျောက်စိမ်းမှာလည်း အဓိက ဈေးကွက် ဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက စီးပွားရေး မူဝါဒ ပြောင်းလဲလိုက်တဲ့အတွက် ကျောက်စိမ်းရောင်းအား ကျဆင်းခဲ့တယ်၊ ဒါကြာင့် သယံဇာတဘက်က ပို့တဲ့ တန်ဖိုးဟာ အရင်နှစ်ကထက် ၁ ဒသမ ၆ ဘီလျံဖိုးလောက် ကုန်သွယ် ရေးမှာ လျော့နည်းသွားခဲ့ပါတယ်၊ သို့သော်လည်း လယ်ယာကဏ္ဍထွက်ကုန်ပစ္စည်းတွေ၊ ရေထွက်ပစ္စည်းတွေ၊ အထည်ချုပ် လုပ်ငန်းတွေက တိုးတက် တင်ပို့နိုင်တဲ့အတွက် လျော့နည်းသွားတဲ့ ၁ ဒသမ ၆ ဘီလျံကို cover ဖြစ်ပြီးတော့ မနှစ်ကထက် ဒေါ်လာ သန်း ၅၀၀ ဖိုးလောက် ပိုပြီး တင်ပို့ နိုင်ခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ရှင်းပြခဲ့သည်။

ပို့ကုန်များအနက် ဆန်ကွဲနှင့် ဆန်တန်ချိန် ၁ ဒသမ ၇ သန်း တင်ပို့ခဲ့ရာ မနှစ်ကထက် တန်ချိန် ခုနစ်သိန်း ခန့် ပိုခဲ့ကြောင်း၊ ပဲစင်းငုံက တန် ၁ ဒသမ ၄၂ သန်း၊ ပြောင်းဆန် ၁ ဒသမ ၃ သန်း၊ နှမ်း တန် ၁၁၀၀၀၀၊ မြေပဲ တန် တစ်သိန်းခန့်၊ ရာဘာက တန် ၂၄၀၀၀၀၊ ဖရဲ သခွား တန် ခုနစ်သိန်း ခန့်တင်ပို့နိုင်ခဲ့ကြောင်း၊ CMA အထည်ချုပ်လုပ်ငန်းက အထည် ၁ ဒသမ ၈ ဘီလျံဖိုးခန့်၊ ထိုင်း၊ အိန္ဒိယ၊ ဘရာဇီးလ်တို့မှ တင်သွင်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ Re-export လုပ်ခဲ့သည့် သကြားက တန်ချိန် နှစ်သန်းနီးပါးခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပို့ကုန်သွင်းကုန်များတွင် ပင်လယ်ရေကြောင်းမှ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၅၉ ဘီလျံ၊ နယ်စပ်မှ ပို့ကုန်တန်ဖိုးမှာ ၄ ဒသမ ၉၀၅ ဘီလျံ၊ စုစုပေါင်း ၁၁ ဒသမ ၉၆၄ ဘီလျံ ရှိပြီး သွင်းကုန်မှာ ပင်လယ်ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၃၄၃ ဘီလျံဖိုး၊နယ်စပ်မှ ၂ ဒသမ ၈၆၈ ဘီလျံဖိုး — စုစုပေါင်း ဒေါ်လာ ၁၇ ဒသမ ၂၁၂ ဘီလျံ ဖြစ်ကြောင်း သိရသည်။

“EU နိုင်ငံတွေ အပါအဝင် အမေရိကန်လိုကမ္ဘာ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံကို GPS ခေါ်တဲ့ကုန်သွယ်မှုုဆိုင်ရာ အထူးအခွင့်အရေး ပေးထားတဲ့အတွက် ကျွန်တော်တို့ပို့နိုင်သလောက်ပို့လို့ရတဲ့ဈေးကွက်ကျယ်ကျယ်ပြန့့်ပြန့် ရှိပါတယ်၊ ဒါပေမယ့် ခိုင်မာတဲ့ ဈေးကွက်ရဖို့တခြား နိုင်ငံတွေရဲ့ ကုန်စည်တွေနဲ့ ဈေးနှုန်းအရ အရည်အသွေးအရ ယှဉ်ပြိုင်နိုင်ဖို့၊ ဈေးကွက်က အချိန်မရွေး မှာတဲ့ demand အတိုင်း ပေးပို့နိုင်ဖို့မှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်၊ ဒီမှာက logistic ပိုင်းမှာ အားနည်းနေဆဲ ဖြစ်လို့ စိုက်ပျိုးရေး ကုန်ကျစရိတ်တွေ ကုန်ထုတ်လုပ်မှု စရိတ်တွေ က ဒေသတွင်း နိုင်ငံတွေထက် ပိုများနေတယ်၊ ဒါတွေဟာ ခေတ်အဆက်ဆက်က ဖြစ်လာခဲ့တဲ့ ဆိုးမွေ တွေပါ၊ အစိုးရသစ်အတွက် စိန်ခေါ်မှုတွေလည်း ဖြစ်ပါတယ်၊ လမ်း တံတားတွေ ၊ ဆိပ်ကမ်းတွေ။ ဂိုဒေါင်တွေ ကောင်းအောင် ချက်ချင်း လုပ်လို့ မရပါဘူး၊ ဒါတွေကို ဖြေရှင်းနိုင်ဖို့၊ ကမ္ဘာ့ဘဏ်တို့၊ ဂျပန်တို့၊ ကိုရီးယားတို့၊ ကုန်သည်ကြီးများ အသင်းတို့နဲ့ ပူးပေါင်းပြီး နှစ်အလိုက် Trade Programme ရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ရှင်းပြသည်။

စီးပွား ကူးသန်းဝန်ကြီးဌာနသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း focal point အနေဖြင့် တာဝန်ယူပြီး ဆက်စပ် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက် ထားဝယ် အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေး ဇုန်တို့ကို ဆောင်ရွက်နေကြောင်း၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေးအတွက်ပါ focal point အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.