Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ်တွင် လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူ နှင့်အတူ ဖမ်းဆီးရမိသည့်လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါးတို့အားတွေ့ရစဉ်

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက် ရှိ စိုင်းခမ်းကျောက်(ဘ) ဦးအိုက်ကျွဲ့၏နေအိမ်တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ တရားမဝင်ကျောက်စိမ်းတုံးများ၊ လက်နက်၊ ခဲယမ်းများ အားဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်ရှိ စိုင်းခမ်းကျောက်(ဘ) ဦးအိုက်ကျွဲ့၏နေအိမ်အား ယနေ့နံနက် ၉ နာရီခန့်တွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၄ရက်နေ့တွင် သတင်းအရဝင်ရောက်ရှာဖွေရာ စိုင်းခမ်းကျောက်ကို WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား၂၁၄၄၃ ပြား၊ စိတ်ကြွဆေးမှုန့် ၂၈၀ ဂရမ်ခန့်၊ ဘိန်းစိမ်း ၁ ဒသမ ၅ ကီလိုခန့်၊ အိုက်စ် ၁၈၀ ဂရမ်ခန့်၊ အဝါရောင်အနံ့ဆေးမှုန့် ၆ ဒသမ ၅ ကီလိုခန့်၊ စိတ်ကြွဆေးပြားရိုက်နှိပ်ရာတွင်အသုံးပြုသည့် မိုငါးချောင်း၊ စိတ်ကြွဆေးပြားထည့်သည့် ကပ်ခွာအိတ် ၁၅ ကီလိုခန့်စီပါ သုံးထုပ်၊ တရားမဝင်ကျောက်စိမ်းတုံးဆိုဒ်စုံ ၁၀ တုံး(၄၈.၈ ကီလိုခန့်)၊ လုပ်သေနတ်တစ်လက်၊ လေသေနတ်ကိုယ်ထည်တစ်ခု၊ ပြုလုပ်ဆဲသေနတ်တစ်လက်၊ ကိုးလုံးကျည်သုံးတောင့်၊ ပွိုင့် ၃၈ Special ကျည်လေးတောင့်၊ ပွိုင့် ၄၅ ကျည်နှစ်တောင့်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁ သိန်းကျော်)၊ တရားမဝင်ကျောက်စိမ်းတုံးများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူဖမ်းဆီးရမိသူအား တာချီလိတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.