ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့်ပြေစာ (စလစ်) ဖြင့်တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များအား ကနဦးယာဉ်မှတ်ပုံတင်ဆောင်ရွက်ချိန်တွင် One Stop Service (OSS) (တစ်နေရာတည်းတွင်အပြီးအစီး ဆောင်ရွက်ပေးမှု) ဖြင့် ကျသင့်ဝင်ငွေခွန်ကောက်ခံမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ ကြေညာချက်ထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၂၉ ရက် (ဆင်ဟွာ) နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ ယခင် သစ်တော ကျူးကျော် လယ်မြေများနှင့် သီးနှံများအတွက် နစ်နာမှု ထောက်ပံ့ကြေးငွေ ကျပ် ၉၄၂ သန်းခန့်အား နေပြည်တော် စည်ပင် သာယာရေး ကော်မတီက တောင်သူများသို့ပေးအပ်ခဲ့သည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့ အဝင်/အထွက်ဂိတ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၅၉၄၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈ သိန်းကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ်၂၉ ရက် (ဆင်ဟွာ) တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းတို့ စစ်ဆေးရာ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ခြောက်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁ သန်းခန့်နှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ဝ၅ . ၉၅၅ သန်းခန့်...
ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မတ် ၂၈ ရက်တွင် သွားရောက်ခဲ့ရာတွင် မြစ်ကြီးနားမြို့ရှိ ကချင် လူထုအဖွဲ့အစည်းခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံသကဲ့သို့တိုက်ပွဲရှောင် စခန်းများသို့သွားရောက်၍ နေ့ရပ်စွန့်ခွာသူများအား တွေ့ဆုံ အားပေးခဲ့ကြောင်း...
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) သြင်္ကန်ကာလအတွင်း မှုခင်းများမဖြစ်ပွားစေရန် ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့်အချက်၁၂ ချက်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ၂၁ ရာစု စစ်မြေပြင်တွင် နည်းပညာသာလွန်သည့် တပ်မတော်ကသာ စစ်ပွဲတွင် အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ၂၁ရာစုခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်မည့် တပ်မတော်ဖြစ်ရန် ကြိုးစားတည်ဆောင်ရမည်ဖြစ်ကြောင်း (၇၂)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) နတ်မြစ်အတွင်း လှေတစ်စင်းပေါ် မှ ရေစိုပျက်စီးနေသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၂၃၂၅ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၆ သိန်းကျော်)နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့တစ်ဖွဲ့စေလွှတ်ရန် လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံက သဘောတူ လက်ခံခြင်း မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မတ် ၂၄ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ အစည်းအဝေး များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန် ကျင်းပသွားမည် ဖြစ်ကြောင်း ယနေ့မတ် ၂၄ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံးမှ သတင်း...