Connect with us

Politics, Law & Military

မူးယစ်ဆေးဝါးများနှင့် ဆက်စပ်နေသူအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့်အတူဖမ်းဆီးရမိသည့် သူအားတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအနီး၌ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်နေသူအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ် ၁၇ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးဖြစ်စဉ်နှင့်ဆက်စပ်နေသည့် ကိုကျော်(ခ)အောင်ကျော်ကျော်သည် တာချီလိတ်မှကျိုင်းတုံဘက်သို့ မော်တော်ယာဉ်ဖြင့် လာရောက်လျက်ရှိ ကြောင်း သတင်းအရတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအနီးစောင့်ဆိုင်းစဉ် Mark-II အမျိုးအစားမော်တော်ယာဉ်အမှတ်၊ SHN/2K—–ကို မောင်းနှင်လာသည့် ကိုကျော်(ခ)အောင်ကျော်ကျော်အား ပစ္စတိုသေနတ်တစ်လက်၊ ၉ မမ ကျည် ၄၂ တောင့်နှင့် ၎င်းကျည်အိမ်သုံးခု၊လက်ထိတ်တစ်စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။အဆိုပါဖမ်းဆီးရမိသူအား တာချီလိတ်မြို့မရဲစခန်း၌ တရားဥပဒေအရအမှုဖွင့်အရေး ယူဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.