Connect with us

Politics, Law & Military

မီတာ ၁၉ဝ ရှည်သင်္ဘောကြီး ဆိပ်ကမ်းစတင် ဝင်ရောက်ခွင့်ပြု

သဘောင်္တစ်စင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ရန်ကုန်အတွင်းဆိပ်ကမ်းသို့ အရှည်LOA (length of overall) ၁၉ဝ မီတာရှိ ပင်လယ်ကူးသင်္ဘောကြီးကို စတင်ဝင်ရောက် ဆိုက်ကပ်ခွင့်ပြု ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

နောင်တွင်လည်း မြန်မာနိုင်ငံ၏ ပို့ကုန်မဟာဗျူဟာလိုအပ်ချက်အရ ရန်ကုန် မြစ်တွင်း အတွင်းဘက်ဆိပ်ကမ်းများဖြစ်သည့် ရေစူးအနက်ရှိသော ဆူးလေ၊ ဗိုလ် တထောင် အစရှိသောဆိပ်ကမ်းများသို့ မီတာ ၁၉ဝ ရှိ ပင်လယ်ကူးကုန်တင်သင်္ဘော ကြီးများ ဆက်လက်ဝင်ရောက်ဆိုက်ကပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောပိုင်ရှင်များသည် စီးပွားရေးတွက်ခြေ ကိုက်သည့်အပြင် မြန်မာနိုင်ငံ၏ ပို့ကုန်များ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေး များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခင်ကLOA (၁၆၇) မီတာထက်ပိုသော မီတာ ၂ဝဝ အထိရှိသည့် ကုန်တင် သင်္ဘောများ မှာ သီလဝါဆိပ်ခံတံတားတွင် သာ တံတားနေရာ ရရှိမှုအပေါ်မူတည်၍ အလှည့်ကျစောင့်ဆိုင်း ဆိုက်ကပ်ရကြောင်း၊ သီလဝါဆိပ်ကမ်းတွင်LOA ကြီးမားသော ကမ္ဘာလှည့်ခရီးသည်သင်္ဘောများ၊ ချစ်ကြည်ရေးခရီးလာရောက်သည့် စစ်သင်္ဘောများ၊ ကုန်သေတ္တာသင်္ဘောများနှင့် မော်တော်ယာဉ်သင်္ဘောများကို မဖြစ်မနေ ဦးစားပေးဆိုက်ကပ်ခွင့်ပြုသည့်အတွက်LOAကြီးမားသောအထွေထွေကုန်တင်သင်္ဘောများ၊တံတားနေရာရရှိရန် ပြင်ပ ကျောက်ချစခန်း၊ ((Pilot Station) တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း၊ အချို့ရေယာဉ်ကြီးများမှာ ပင်လယ်ထဲတွင် တစ်လနီးပါးစောင့်ဆိုင်းရသဖြင့် သင်္ဘော ငှားရမ်းခစရိတ်များစွာ ကုန်ကျမှုရှိကြောင်း သိရသည်။

ယင်းအခက်အခဲကို ဖြေရှင်း နိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးချုပ်နှင့် ရေကြောင်းဌာနမှူးချုပ်တို့ ဦးဆောင်၍ မီတာ ၁၉ဝ ရှိ သင်္ဘောကြီးများ ရန်ကုန်အတွင်း ဆိပ်ကမ်းသို့ ဝင်ရောက်နိုင်ရေး ရေလမ်းကြောင်းသစ်ရှာဖွေခြင်း၊ လိုအပ်သော သောင်တူးလုပ်ငန်းများဆောင်ရွက်ခြင်း စနစ်တကျဆောင်ရွက်ခဲ့ပြီး တောင်အာဖရိက ဆန်တင်သင်္ဘောဖြစ်သည့် M.V TOP FAIR ကို ယခု ဧပြီ ၅ ရက်တွင် ဆူးလေဆိပ်ခံ တံတားသို့ ဝင်ရောက်ဆိုက်ကပ်နိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ နောင်တွင်လည်း ယင်းကဲ့သို့ သင်္ဘောကြီးများ ပို့ကုန်စီးပွားရေးလိုအပ်ချက်အရ ဝင်ရောက်ဆိုက်ကပ်နိုင် အောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.