Connect with us

Politics, Law & Military

မြန်မာ နိုင်ငံ အနေဖြင့် “ခေတ်သစ်ပိုးလမ်းမကြီး” တည်ဆောက်ရေးတွင် မည်သို့ပါဝင်သွားရန် ကို လေ့လာနေကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော် ပြောကြား

မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် နှင့် ဇနီး တို့ တရုတ် နိုင်ငံ လေရှန် မြို့ ရှိ (Giant Buddha) ကျောက်ထွင်း ဗုဒ္ဓရုပ်ပွားတော်ကြီးအား လှည့်လည်ဖူးမြော် နေစဉ်(ဓာတ်ပုံ-MOI)

ရှီးအမ်း ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် သည် ဧပြီလ ၇ ရက်နေ့က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ဆန်ရှီး ပြည်နယ် သို့ သွားရောက် လည်ပတ်စဉ် အတွင်း မြန်မာ နိုင်ငံ အနေဖြင့် “ခေတ်သစ်ပိုးလမ်းမကြီး” တည်ဆောက်ရေး တွင် မည်သို့ပါဝင်သွားရန် လေ့လာမှု များ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော် သည် ဧပြီလ ၇ ရက်နေ့ တွင် ဆန်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး ဟူဟယ်ဖိန်(Hu Heping) နှင့် တွေ့ဆုံခဲ့ရာတွင် အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးစဉ်အတွင်း ဟူဟယ်ဖိန် က ရှီအန်း သည် ရှေးဟောင်း ပိုးလမ်းကြောင်း ၏ စတင်သည့် နေရာ ဖြစ်ခဲ့ပြီး ဆန်ရှီး ပြည်နယ် သည်လည်း တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး ဟူသည့် နောက်ခံ ဆက်ဆံရေး အောက်တွင် မော်တော်ကား လုပ်ငန်း ၊ အထည်ချုပ်လုပ်ငန်း ၊ စိုက်ပျိုးရေး လုပ်ငန်း စသည့် ကဏ္ဍအသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှု များစွာ ပြုလုပ် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

သမ္မတ ဦးထင်ကျော် က မြန်မာ နိုင်ငံ အနေဖြင့် ဆန်ရှီး ပြည်နယ် နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်သွားလိုကြောင်း ၊ အထူးသဖြင့် စက်မှုလုပ်ငန်း ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း ၊ ခရီးသွားလုပ်ငန်း ၊ ကုန်သွယ်စီပွားရေး လုပ်ငန်း စသည့် ကဏ္ဍများတွင် ပြုစု ပျိုးထောင်ခြင်း နှင့် ပူးပေါင်း ဆောင်ရွက်မှု များ ပြုလုပ် သွားပြီး မြန်မာ နိုင်ငံ ၏ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ သင်ကြားမှု အဆင့်အတန်း ကို တိုးမြှင့် သွားလိုကြောင်း ၊ လက်ရှိချိန်တွင် ပိုမိုများပြားသည့် နိုင်ငံများမှ “ခေတ်သစ်ပိုးလမ်းမကြီး” တည်ဆောက် ရေးတွင် ပါဝင်လာခဲ့ကြပြီး မြန်မာ နိုင်ငံ အနေဖြင့် လည်း မည်ကဲ့သို့ ပါဝင်သွားရန်ကို လေ့လာမှု ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် သည် ယင်းနေ့တွင် ချင်းစေဟွမ် ရှေးဟောင်းစစ်သည်တော်များရုပ်တု (Terracotta Army) ပြတိုက် သို့လည်း သွားရောက် လေ့လာ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.