Connect with us

Politics, Law & Military

နမ္မတူမြို့တွင် ငွေကျပ် သိန်း ၅၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့် အတူ ဖမ်းဆီးရမိသူများအား တွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

နမ္မတူမြို့တွင် ငွေကျပ် သိန်း ၅၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နမ္မတူမြို့၊ပန်ဟိုက်(၁) ရပ်ကွက်ရှိ အားချန်(ဘ)ဦးမြင့်ဟုန်း၏နေအိမ်အား ယနေ့နံနက် ၉ နာရီခန့်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ အားချန်ကို ဘိန်းဖြူမှုန့် ၆၃ ဂရမ်ခန့် ပါဝင်သည့် ရောင်စုံဆပ်ပြာခွက် ခုနစ်ခွက်(ခန့်မှန်းတန်ဖိုး ၁၁ သိန်းကျော်)၊ 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား၂၄၇၀ ပြား(ခန့်မှန်းတန်ဖိုး ၄၉ သိန်းကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ပန်ဟိုက်(၈)ရပ်ကွက်ရှိ ဦးအုန်းရွှေ(ဘ) ဦးချန်ဖန်ပေါင်း၏နေအိမ်အား သတင်းအရထပ်မံရှာဖွေရာ ဦးအုန်းရွှေကို ဘိန်းဖြူမှုန့် ၁၈၉ ဂရမ်ခန့် ထည့်ထားသည့် ရောင်စုံဆပ်ပြာခွက် ၂၁ ခွက်(ခန့်မှန်းတန်ဖိုး ၃၄ သိန်းကျော်)၊ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၂၈၀၀ ပြား(ခန့်မှန်းတန်ဖိုး၄၅၆ သိန်းကျော်)တို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.