Connect with us

Politics, Law & Military

မြန်မာ -ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုး ကာရံမှု ၇၀ ရာခိုင်နှုန်းခန့်ပြီးစီး

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျ ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံမှုသည် ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးလျက်ရှိပြီး တိုင်းတာရန် ၈၀ ရာခိုင်နှုန်းကျော် ကျန်ရှိနေသည့် ထိုင်း – မြန်မာ နယ်နိမိတ်ကိုလည်း စတင်တိုင်းတာ နေပြီဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ယနေ့ ပြောကြားသည်။

“မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံမှုသည် ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပါပြီ၊ ဒီတစ်နှစ်တာ ရဲ့ ထူးခြားချက်တွေထဲမှာ အရင် အစိုးရ အဆက်ဆက်က အမြဲတမ်း ရွှေ့ဆိုင်း ခဲ့တဲ့ ထိုင်း – မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာရေး ကိစ္စတွေကို ဒီအစိုးရ လက်ထက်မှာ စတင် ဆောင်ရွက်ဖို့သဘောတူညီချက် ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီး ဌာနတွင် ယနေ့ နေ့လယ်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက“မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံမှုမှာ အဓိကကာတာကတော့ နတ်မြစ်ပေါ့၊နတ်မြစ်ကနှစ်ဘက်က ကူးရတာလည်း လွယ်တယ်၊ မြို့ကြီးတွေ ရွာကြီးတွေကလည်း ရှိတဲ့အတွက် အဲဒီဘက်ကို ဦးစားပေး ကာခဲ့ပါတယ်၊ နိုင်ငံခြားရေးနဲ့ကာကွယ်ရေးနဲ့ ပြည်ထဲရေးနဲ့ ပူးပေါင်းပြီး ကာခဲ့တာပါ၊ နတ်မြစ် အပေါ်ပိုင်း ကုန်း နယ်နိမိတ် အထိတော့ ရောက်သွားပါပြီ၊ အဓိက နေရာတွေကို ကာပြီးသွားပါပြီ၊ တစ်ချို့ပျက်နေတဲ့ နေရာတွေလည်း ပြန်ပြင်ထားပါတယ်၊ ခြံစည်းရိုး အပြင်ကို ကင်းလှည့်တဲ့လမ်းကြောင်းတွေ ကားလမ်းတွေကိုပါ ဆောက်ထားပါတယ်၊ ဘတ်ဂျက်ရတဲ့ အပေါ် မူတည်ပြီးတော့ အပေါ်ပိုင်း အိန္ဒိယ – မြန်မာ နယ်နိမိတ်ကိုပါ ဆက်ပြီး ကာသွားဖို့ရှိပါတယ်။ အရေးကြီးတဲ့ အပိုင်း ဖြစ်တဲ့ တောင်ဘက်က အားလုံးနီးပါး ကာပြီးပါပြီ” ဟု မီဒီယာသို့ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ငါးနိုင်ငံအနက် နယ်နိမိတ် တိုင်းတာရန် ကျန်ရှိနေသည်မှာ ထိုင်း၊ နှင့် အိန္ဒိယ နယ်နိမိတ်များ ဖြစ်ကြောင်း၊ မြန်မာ – အိန္ဒိယ နယ်နိမိတ်တွင် ၈၀ ရာခိုင်နှုန်း ခန့် တိုင်းပြီးသွားသဖြင့် ၂၀ ရာခိုင်နှုန်းခန့့်သာ ကျန်တော့ကြောင်း၊ ထိုင်း – မြန်မာ နယ်နိမိတ် တွင်မူ ၁၀ ရာခိုင်နှုန်းခန့်သာ ပြီးသေး၍ ၈၀ ရာခိုင်နှုန်းကျော် ကျန်ရှိကြောင်း၊ ယခု အစိုးရသစ် လက်ထက်တွင် နောင်လာ နောက်သားများအတွက်ကောင်းမွန်သည့်အမွေ ပေးလို သော ကြောင့် နယ်နိမိတ် တိုင်းတာရေး သဘောတူညီမှု ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ တောင်ဘက်မှ စပြီး မိုင် ၂၀၀ အတွင်း ကောင်းကင်ဓာတ်ပုံများ ရိုက်နေပါကြောင်း၊ ပတ်ချန်မြစ်နှင့် ပတ်ချန်မြစ်၏ မြောက်ဘက် တနင်္သာရီတောင်ကြော အတိုင်း မိုင် ၂၀၀ ကို စတင်ဆောင်ရွက်ဖို့ရှိကြောင်း၊ အောက်ခြေက အဆင့်မြင့် အရာရှိ အစည်းအဝေးများ ပြီးစီး သွား ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်အစည်းအဝေးများ ဆက်ကျင်းပပြီးသဘောတူညီ ချက် ယူပြီးသည်နှင့် ကွင်းဆင်း တိုင်းတာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ထိုင်းနဲ့က မတိုင်းရသေးတဲ့ နယ်နိမိတ် အလျားက မိုင် ၁၃၀၀ ကျော် ရှိပါတယ်၊ ၃၆ မိုင်ကိုပဲ တိုင်းရသေးတယ်၊ အဲဒါက မဲဆန်မြစ်အောက် ချောင်း နယ်နိမိတ်ဆိုတော့ တာချီလိတ်မှာ ရှိတယ်။ မတိုင်းရသေးဘူးဆိုတဲ့ စကားက အပြည့်အ၀ မမှန်ပါဘူး၊ ကျွန်တော်တို့ နယ်နိမိတ် တွေ အားလုံးက အင်္ဂလိပ်လက်ထက်က လုပ်ခဲ့တာ၊ အရင်က တိုင်းပြီးသားတွေပါ၊ နယ်နိမိတ် မရှိလို့ ပြသနာ ဖြစ်နေတာတော့ မဟုတ်ပါဘူး၊ နယ်နိမိတ်ကို စနစ်တကျ ခေတ်မီကိရိယာ တွေနဲ့ပိုပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်အောင် တိုင်းဖို့လိုနေတာပါ” ဟု ၎င်းက ပြောသည်။တိုင်းတာရန် ကျန်နေသည့် မြန်မာ – အိန္ဒိယအိန္ဒိယ နယ်နိမိတ်နှင့် ပတ်သက်၍လည်း “အိန္ဒိယကျတော့ သူတို့နဲ့ မြေအပေးအယူလုပ်ဖို့တွေလည်း ရှိတော့ သူတို့ရဲ့ proposal ကို စောင့်နေပါတယ်၊ သူတို့ဘက်က လာတဲ့ proposal ကို ကြည့်ပြီးရင် ကွင်းဆင်း ဆောင်ရွက် သွားဖို့ရှိပါတယ်။ တိုင်းရမှာက မိုင် တစ်ထောင်လောက် ရှိပါတယ်၊ အဲဒီမှာ ၉၀၇ မိုင်ကျော်လောက် ြင်္ပီးသွားပြီ၊မိုင် ၈၀ ကျော်လောက် ကျန်သေးတယ် ဟု ၎င်းက ရှင်းပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.