Connect with us
Politics, Law & Military
နိုင်ငံတကာ အဆင့်မီ တရားသူကြီး ကျင့်ဝတ် ရေးဆွဲလျက်ရှိ
နေပြည်တော်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တရားရုံးများ၌ အဂတိလိုက်စားမှုများ ရှိနေသေးကြောင်းနှင့် တရားသူကြီးများ လိုက်နာရန် နိုင်ငံတကာ အဆင့်မီ တရားသူကြီး ကျင့်ဝတ်ကို ရေးဆွဲလျက်ရှိရာ တတိယ မူကြမ်း အဆင့် ရောက်ရှိနေပြီး မကြာမီ ထုတ်ပြန်နိုင်တော့မည် ဟု ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ယနေ့နေ့လယ်ပိုင်းတွင် မီဒီယာသို့ဖြေကြားခဲ့သည်။
“လာဘ်ပေး လာဘ်ယူတိုင်ကြားမှု ရှိခဲ့လို့ရှိရင် သိတာနဲ့ဖြစ်စေ သတင်းကျော်ဇော တာနဲ့ ဖြစ်စေ တင်ပြတဲ့ အချက်တွေမှာ ချက်ချင်း စုံစမ်း စစ်ဆေးမှု လုပ်ပါတယ်၊ ပေါ်ပေါက်တဲ့ အတိုင်း စီမံခန့်ခွဲရေးအပိုင်းက ဆောင်ရွက်သလို အဂတိတိုက်ဖျက်ရေး ကော်မရှင်ဘက်က စုံစမ်းစစ်ဆေးချက်အရ ကျွန်မတို့ဆီကို လွှဲပြောင်းပေးတာပဲဖြစ်ဖြစ် ဒီဘက်ကနေ မေးမြန်းတဲ့ အပေါ်မှာပဲ ဖြစ်ဖြစ် အားလုံး ပူးပေါင်း ဆောင်ရွက်ပေးနေပါတယ်၊ လာဘ်ပေးလာဘ်ယူကိစ္စ တွေကတော့ ရှိနေတုန်းပဲရှင့်၊ ဒါကို ပိုပြီးတော့ နည်းသွားအောင် ပပျောက်အောင် ကျွန်မတို့ ဘာလုပ်မလဲ ဆိုတော့ ပုံမှန် လုပ်နေတဲ့ စီမံခန့်ခွဲရေးအရ ကြီးကြပ်တဲ့ လုပ်ငန်းအပြင် တရား သူကြီးတွေ လိုက်နာရမယ့် ကျင့်ဝတ်၊ ဒါက ကျင့်ဝတ်နဲ့ထိန်းကျောင်းတာ၊ ဒါကို အကောင် အထည်ဖော် ဆောင်ရွက်တာဟာ အထိရောက်ဆုံးပဲလို့ ကျွန်မတို့လေ့လာ သိရှိထားပါတယ်၊ အဲဒီတော့ စံချိန် စံညွှန်းနဲ့ညီတဲ့ တရားသူကြီးတွေ လိုက်နာရမယ့် ကျင့်ဝတ်တစ်ခုကို မကြာခင်မှာ အမြန်ဆုံး ထုတ်ပြန်နိုင်ပါမယ်” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံး၏ တစ်နှစ် အတွင်း ပြုပြင်ဆောင်ရွက်ချက်များ သတင်းစာရှင်းပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး တစ်နှစ်တာ ပြုပြင်ဆောင်ရွက်မှုများကို အဆိုပါ ရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ ဒေါ်အေးအေးကြည်သက်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတို့က ရှင်းလင်း ပြောကြားစဉ်။(ဆင်ဟွာ)
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး တစ်နှစ်တာ ပြုပြင်ဆောင်ရွက်မှုများကို အဆိုပါ ရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ ဒေါ်အေးအေးကြည်သက်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတို့က ရှင်းလင်း ပြောကြားစဉ်။(ဆင်ဟွာ)
တရားသူကြီးများ ကျင့်ဝတ်ကို ထုတ်ပြန် ကျင့်သုံးစေခြင်းဖြင့် ရာနှုန်းပြည့် မဟုတ်သည့်တိုင် အများပြည်သူတို့ စိတ်ကျေနပ်မှု ရစေမည့် အတိုင်းအတာတစ်ခုအထိ ရောက်အောင် ဆောင်ရွက်ပေးနိုင်လိမ့််မ် ဟု မျှော်လင့်ပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။
အဆိုပါ သတင်းစာရှင်းပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါ်တင်နွယ်စိုးနှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ် အေးအေးကြည်သက်တို့ အပါအဝင် အရာရှိကြီး ငါးဦးတို့တက်ရောက် ရှင်းလင်း ဖြေကြားခဲ့ကြသည်။(Xinhua)
Continue Reading
Click to comment
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.