Connect with us

Politics, Law & Military

နယ်စပ်ရေးရာဝန်ကြီးဌာနက တစ်နှစ်အတွင်း လမ်းမိုင် ၉၀၀ ကျော် ဖောက်လုပ်နိုင်ခဲ့

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲတွင် နယ်စပ်ရေးရာ ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရဲနိုင် ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် အစိုးရသစ် တစ်နှစ်တာအတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေရရှိရေး၊ မီးလင်းရေးနှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခဲ့ရာလမ်းမိုင် ၉၀၀ ကျော်ကိုလည်း ဖောက်လုပ် နိုင်ခဲ့သည်ဟုနယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရဲနိုင်က မီဒီယာကို ယနေ့နေ့လယ်တွင် ပြောခဲ့သည်။

“တစ်နှစ်တာကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှာ ခွင့်ပြုရန်ပုံငွေ ကျပ် ၆၈ ဒသမ ၂၆၂ ဘီလျံနဲ့မြေလမ်း ၅၅၉ မိုင်၊ကျောက်လမ်း ၂၁၉ မိုင်၊ ကတ္တရာလမ်း ၇၅ မိုင်၊ ကွန်ကရိလမ်း ၁၂ မိုင်၊ ဆိုင်ကယ်လမ်း ၇၂ မိုင်၊ တံတား ကြီး – ငယ် ၂၅၃၆ ပေ၊ Box culvert ၁၅၉၈ ပေ၊ စာသင်ကျောင်း အသစ်တည်ဆောက်ခြင်းနဲ့ အဟောင်းပြု ပြင်ခြင်း ၂၁၅ ကျောင်း၊ ရေတွင်း ရေကန် တူးဖော်ခြင်း ၁၄၉ ကန်၊ ရေရရှိရေး လုပ်ငန်း ၄၄ ခုနဲ့အိမ် ၄၆၂၇ အိမ် မီးလင်းရေးတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ပြန်ကြား ရေး ဝန်ကြီး ဌာနတွင် ယနေ့ နေ့လယ်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းပွဲတွင် ၎င်းက ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လူ့စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်များ၊ လူငယ် ကျောင်းများ၊ အိမ်တွင်းမှုကျောင်းများ၊ စက်မှုလက်မှု ကျောင်းများရှိ သင်တန်းသား ပေါင်း ၁၂၀၀ ကျော်အတွက်သင်တန်းဆိုင်ရာလိုအပ်ချက်များ၊ အဆောက်အဦနှင့် သင်ထောက်ကူ ပစ္စည်းများ အတွက် ခွင့်ပြု ရန်ပုံငွေ ကျပ် ၁၆ ဒသမ ၄၉၄ ဘီလျံ ကျခံ သုံးစွဲ ဆောင်ရွက်ခဲ့ ကြောင်း၊ တစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာန တစ်ခုလုံး၏ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၈၄ ဒသမ ၇၅၆ ဘီလျံဖြင့် ဆောင်ရွက်ခဲ့ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

တစ်နှစ်တာအတွင်း ထူးခြားသော ဆောင်ရွက်ချက်များမှာ ကချင်ပြည်နယ်မြောက်ပိုင်းရှိပူတာအို – ခေါင်လန်ဖူးလမ်း။ မဂွေဇမှ ခေါင်လန်ဖူးအထိ ၆၅ မိုင် ဖောက်လုပ်ခြင်း၊ ဒေသ အသီးသီးတွင် ရေကန်များ တူးဖော်ပေးခြင်း၊စိမ့်စမ်းရေ သွယ်ယူခြင်း၊ စက်တွင်း၊ လက်ယက် တွင်း များ တူးဖော်ပေးခြင်း၊ ငြိမ်းချမ်းရေး အထောက်အကူပြု တည်ဆောက်ရေးနှင့် စားနပ် ရိက္ခာ ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နယ်စပ်ဒေသရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း၊ ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင် IDP များအတွက် လူသားချင်း စာနာသော အထောက်အပံ့များ ထောက်ပံ့ခြင်း၊ အိန္ဒိယ နိုင်ငံမှ ကူညီ ထောက်ပံ့မှုဖြင့် ချင်းပြည်နယ်နှင့် နာဂဒေသတွင် လမ်း၊ တံတား၊ စာသင် ကျောင်းနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများ တည်ဆောက်ပေးခြင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ပလောင်နှင့် ဓနု တိုင်းရင်းသားများကို နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာ ရေး ခရီးစဉ်များ စီစဉ် ဆောင်ရွက်ပေးခြင်း၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်တွင် ယခင်က တိုင်းရင်းသား လူငယ်များကိုသာ လက်ခံ သင်ကြား ပေး ခဲ့ရာမှ ယခုနှစ်တွင် တိုင်းရင်းသူ ၅၃ ဦးတို့ကို စတင် လက်ခံ သင်ကြားပေးခြင်းတို့ ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနသည် နယ်စပ် ဒေသ နေ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထေင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်း ၄၄ ကျောင်း၊ အမျိုးသမီး အိမ်တွင်း သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၈ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှု ပညာသင်တန်းကျောင်း ၉ ကျောင်း တို့ကို ဖွင့်လှစ် လေ့ကျင့် သင်ကြားပေးပြီး သင်တန်းဆင်းသည်နှင့် တစ်ပြိုင်နက် အလုပ် အကိုင် ရရှိရေးကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နှစ်စဉ် သင်တန်းဆင်း ကျောင်းသား ဦးရေ ၂၅၀၀ ခန့် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.