ရန်ကုန်၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော မောင်တောမြို့နယ်အတွင်းသို့ လူသားချင်းစာနာမှု အကူညီများ နိုဝင်ဘာ ၆ရက်နေ့လောက်တွင် စတင်ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဌာနေ ညှိုနှိုင်းရေးမှူး Ms. Renata Dessallin က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာ လိုသည့် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ သည် ရွေးကောက် ပွဲ စောင့်ကြည့် လေ့လာခွင့်ကို ယခုနှစ်...
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ထံမှ ငွေကျပ်တစ်သောင်းတန် ငွေစက္ကူ အတု သိန်း (၁၀၀)ကျပ် အား ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး မြစ်ချောင်းများ အတွင်းမှ သဲနှင့်ကျောက် ထုတ်ယူသည့် လုပ်ငန်း တရားမဝင် လုပ်ကိုင်နေသူ များကို စီမံချက်ဖြင့် အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယ သမ္မတနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Sunil Lanba, PVSM, AVSM, ADC ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေအား ယနေ့ညနေပိုင်းတွင် လာရောက် တွေ့ဆုံ ဂါရ၀...
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၇နာရီ ၄၀တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းလေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) နိုင်ငံတော် အနေဖြင့် ငွေရေးကြေးရေး နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်...
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၊ ကွမ်းလုံကြိုးတံတား၌ ယာဉ်ဝင်ထွက်မှုများ စစ်ဆေးစဉ် ကားပေါ်၌ ကျပ်သိန်း ၇၀၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များဖမ်းဆီးရမိထားကြောင်း ကွမ်းလုံမြို့နယ် ရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် မေလမှ စတင်ကာ သစ်အချောထည် နှင့် အကြမ်းထည်များ ပြည်ပ တင်ပို့မှုကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ကြားဖြတ်ရွေးကောက် ပွဲပြုလုပ်မည့် မြို့နယ်များတွင် မဲဆန္ဒရှင် စာရင်းအား ပြည့်စုံ မှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်း ကောက်ယူခြင်းကို ၂၀၁၅ ခုနှစ် မဲစာရင်းအပေါ် အခြေခံ၍ ပြင်ဆင်ခြင်း/ ဖြည့်စွက်ခြင်း/ ပယ်ဖျက်ခြင်းများအား...