Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့် ၊ ဌာန အဖွဲ့ အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း နှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းတို့အပြင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး အတည်ပြုရမည့် ဥပဒေကြမ်း ၁၁ ခုရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

မေးခွန်းများ အနေနှင့် ဒုတိယပုံမှန်အစည်းအဝေးမှ တတိယ ပုံမှန်အစည်းအဝေးသို့ ပြောင်းရွှေ့မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်း ၇၂ ခု အပါအဝင် အသင့်ဖြစ်ကြယ်ပွင့်ပြ မေးခွန်း ၁၀၅ ခုရှိကြောင်း၊ ယနေ့ အထိ အစိုးရ အဖွဲ့သို့ ပေးပို့ထားသည့် ကြယ်ပွင့် ပြမေးခွန်း ၆၃ ခုရှိပါကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က “လွှတ်တော်ရပ်နားစဉ် ကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို အလေးပေးဆောင်ရွက်ခဲ့ကြသည့်အတွက်လည်း ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားလိုပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်တွေ ပါတဲ့ ဥပဒေပြုရေးလုပ်ငန်းတာဝန်တွေထမ်းဆောင်ဖို့ ကျွန်တော်တို့ကို ပြည်သူကရွေး ချယ်တာဝန်ပေးခန့်အပ်ထားခြင်းဖြစ်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ပြည်သူ့အကျိုး နိုင်ငံ့အကျိုးကို ဖြူစင်သောစေတနာ၊ မှန်ကန်သောစိတ်ထားတို့ဖြင့် လုံ့လဝီရိယစိုက်ထုတ်၍ ကြိုးစားကြပါစို့လို့ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားလိုပါတယ်။’’ ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.