Connect with us

Politics, Law & Military

တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၃ဝ ဦး အစားထိုး ပြောင်းလဲ

လွှတ်တော် ကိုယ်စားလှယ် ၃ဝ ဦးကို အစားထိုး ပြောင်းလဲလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၃ဝ ဦးကို အစားထိုး ပြောင်းလဲလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ်လွှတ်တော်၌ တစ်ဦး၊ ကရင်ပြည်နယ်လွှတ်တော်၌ ၂ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်၌ သုံးဦး၊ တနင်္လာရီတိုင်းဒေသကြီးလွှတ်တော်၌ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် သုံးဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်၌ ၂ဦး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ ၂ဦး၊ မွန်ပြည်နယ် လွှတ်တော်တွင် ၂ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်၌ ၂ဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ၃ဦး၊ ရှမ်းပြည်နယ်လွှတ်တော်၌ ၇ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၌ ၂ဦး စသည့်တို့ အသီးသီး အစားထိုးပြောင်းလဲ ခန့်အပ်ထားကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်တင်သွင်းခဲ့သော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၃၀ဦးအား အမည်စာရင်းပြောင်းလဲလိုကြောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြား ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုး ပြောင်းလဲခွင့် ပြုလိုက်သည်။

ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ တတိယပုံမှန်အစည်းအဝေးများကို နိုဝင်ဘာလ ၁၆ ရက် တွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.